27 C
Yangon

အင်းစိန်ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဥ်းသားများထံမှ ဖိအားပေး ငွေတောင်း စီးပွားရှာနေ

Must read

ရန်ကုန် ၊ ဇူလိုင် ၉

အင်းစိန်အကျဥ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေဆီကနေ ထောင်အာဏာပိုင်တွေ ဟာ ပုံစံမျိုးစုံနဲ့ ဖိအားပေး ငွေကြေးတောင်း ခံကာ စီးပွားရှာနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ပြောပါတယ်။

ထောင်ထဲ စတိုခန်းပြင်ဖို့ နဲ့ ဆေးသုတ်ဖို့ စတာတွေအတွက် ‌ထောင်အဆောင်မှူးတွေက တဆင့် အကျဉ်းသားအဆောင်တွေကို တစ်ခန်း အနည်းဆုံး ငွေ ၆၀၀၀၀ ကျပ်ကစပြီး လစဉ်ပေးဖို့ တောင်းခံနေတာဖြစ်ပါတယ်။

‌ထောင်အဆောင်မှူးတွေက ထောင်ပိုင်ဆီကနေ မျက်နှာရလိုတာကြောင့် နိုင်ငံရေး အကျဉ်းသားတွေထံ ကငွေကြေးကို အခန်းသူကြီးတွေကနေတဆင့် ဖိအားပေးကောက်ယူနေတာလို့ ဆိုပါတယ်။

” ငွေကြေးကောက်ခံနေတယ်ဆိုတာ ဟုတ်ပါတယ်။ လက်ရှိအထူးသဖြင့်နိုင်ငံရေး အကျဥ်းသားတွေဟာ မတရားမှုနဲ့ဖမ်းဆီးခံထားရတောင် လုံလောက်တဲ့အကျဥ်းသားအခွင့်အရေးတွေပြည့်ပြည့်၀၀မရရှိတဲ့အပြင် ကိုယ်စရိတ်နဲ့ကိုယ်ထောင်ကျခံနေရသလို ဖြစ်နေတယ်။ မိသားစုရဲ့ပို့တဲ့ထောင်၀င်စာကို အဓိက အားပြုစားကြရတယ်။ ကိုယ်သုံးမယ့်အသုံးဆောင်တောင် မိသားစုဆီမှာ ပိုက်ဆံတောင်းပြီး၀ယ်ကြရတယ်။ အထွေထွေအကျပ်တည်းကြောင့်တောင် ဒုက္ခရောက်နေပါတယ်ဆို ဒီလို ဒုက္ခရောက်တဲ့ပြည်သူတွေရဲ့ မျက်နှာတောင်မထောက် အကျဥ်းဦးစီး၀န်ထမ်းတွေက အကျဥ်းသားတွေအပေါ်မှာ လာဘ်စားမှုတွေကို ဆိုးဆိုး၀ါး၀ါးပြုလုပ်နေတဲ့လုပ်ရပ်တွေက မဖြစ်သင့်ဘူး” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

အင်းစိန်ထောင်ရှိ သပြေဆောင် အဆောင်မှူး ဖြိုးဇော်ဟိန်း၊ ဒုတိယတပ်ကြပ် အောင်ကျော်ဌေး (ခ) ပါးပေါက်နဲ့ လူသတ်မှုနဲ့ ထောင်ကျနေတဲ့ တန်းစီးချုပ် ကုလားပြားတို့က ဦးဆောင်ပြီး ငွေကြေးကောက်ခံနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“လက်ရှိအကျဥ်းဦးစီး၀န်ထမ်းတွေက ဒီကနေရသွားသမျှငွေကြေးတွေဟာလည်း စေတနာရှိလို့ထည့်၀င်လိုက်ကြတာမဟုတ်ဘဲ ဖိနှိမ်မှုကိုခံရမှာဆိုးလို့ မိသားစု၀င်တွေက အခက်ခဲကြားက ပို့ဆောင်ရတာ။ အဲဒီလိုပို့ဆောင်ရတဲ့ဟာတွေအားလုံးက ပူပြင်းလှတဲ့လူတိုင်းရဲ့အဆင်မပြေမှုဒုက္ခ၊ သုခ ကြားကနေမှ ပို့ရတာဖြစ်တဲ့အတွက် ကိုယ်ရဲ့ကိုယ်ကျိုးစီးပွားအတွက်အသုံးပြုတာဟာ အပူစာကိုစားနေကြတယ်” လို့ သူကဆက်လက် ပြောပါတယ်။

အဆင်မပြေလို့ ငွေမပေးနိုင်တဲ့ အကျဉ်းသားတွေကို အခန်းသူကြီး (ခ) တန်းစီးတွေက အမျိုးမျိုးဖိနှိပ်တာတွေလုပ်ဖို့လည်း ထောင်အာဏာပိုင်တွေဘက်က ခွင့်ပြုထားတယ်လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

A security officer walks in front of Insein Prison in Yangon, Myanmar December 29, 2017. Picture taken December 29, 2017. REUTERS/Stringer
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article