ဒီကနေ့ ဇူလိုင် ၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မိုးကုတ်မြို့မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင် ရာရုံးတွေ ၊ ရဲစခန်းတွေ နဲ့ တပ်စခန်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာရင် အရေး ကြီး စာရွက် စာတမ်း နဲ့ လက်နက်ခဲယမ်းတွေကို ဖျက်ဆီးခဲ့ဖို့ စစ်ကောင်စီက အရေးပေါ် ညွှန်ကြားလိုက်ပြန်တယ်လို့ တပ်တွင်း သတင်းရင်းမြစ်ကပြောပါတယ်။
- ပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေမှာ ငွေသားထုတ်ပေးမှုတွေ ကန့်သတ်ထားတာဟာ စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်အရ လုပ်ဆောင်ရတာဖြစ်ပြီး ၊ လက်ရှိ ရာခိုင်နှုန်း အမြတ်ပေးပြီးမှ ငွေသားထုတ်ရတဲ့ စနစ် ပြန်ဖြစ်လာပြန်ပြီလို့ သိရပါတယ်။
- အကြမ်းဖက် စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းပြီးတဲ့နောက် ပြည်သူ ၅၇၀၀ နီးပါးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ၊ စစ်ထဲမဝင်ချင်တဲ့ ပြည်သူ ၁၂ ဦးကတော့ မိမိကိုယ်ကိုအဆုံးစီရင် သွားခဲ့တယ်လို့ (SRD) ရဲ့ အစီရင်ခံစာအရ သိရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
