ရန်ကုန်၊ ဇူလိုင် ၉
တနင်္သာရီတိုင်း၊ ရေဖြူမြို့မ ရဲစခန်းမှ ရဲတပ်ကြပ်ကြီး ၁ ဦးကို DNLA တပ်ဖွဲ့က အရှင် ဖမ်းဆီးရမိခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်က ပြောဆိုသည်။
ဇူလိုင်လ ၆ ရက်နေ့တွင် ရေဖြူမြို့နယ်အတွင်း၌ ရေဖြူမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး ၁ ဦးကို ၄င်းနှင့်ပါလာသော ပစ္စည်းများနှင့် အတူ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က ဖမ်းဆီး ထိန်းသိမ်း နိုင်ခဲ့ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆင်ရေးများ အရှိန်အဟုန်တိုး မြင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး အသိ/သတိပြုသွားလာနေထိုင်ကြရန် ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်က အသိပေး ပြောဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
