24.6 C
Yangon

စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်မှုရှိ

Must read

ထုံးကြီးရွာ ပျူစောထီး ဥက္ကဋ္ဌ အောင်ကျော်စိုး အလံဖြူထောင်မည်ဟု ပြောဆိုပြီး ထွက်ပြေးသွားသောကြောင့် စစ်တပ်က ပြန်လည် ဖမ်းမိသွားပြီး ရိုက်နှက်နေ

ရန်ကုန်၊ ဇူလိုင် ၉

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်မှုရှိကြောင်း စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြား​ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၉ ရက်နေ့ နံနက် ၇ နာရီခန့်တွင် စဉ့်ကူးမြို့နယ်၊ သီလရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင် ပျက်စီးဆုံးရှုံးမှု အခြေအနေနှင့် ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၈ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် စဉ့်ကူးမြို့နယ်၊ ရွာဇင်းတော ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေ ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စဉ့်ကူးမြို့နယ်အတွင်း မန္တလေး PDF တပ်ဖွဲ့၏ ထိုးစစ်များကြောင့် လက်ရှိချိန်တွင် ရွှေပြည်ရွာမှ ပျူစောထီး ညွန့်ဝေ ဦးဆောင်သော အဖွဲ့ ၊ တောင်အင်းရွာမှ ပျူစောထီး လှမျိုး(ခ)လှမျိုးဦး ဦးဆောင်သော အဖွဲ့နှင့် ရေတော်ရွာမှ ပျူစောထီး ငနိုင်(တဖက်ကန်း) ဦးဆောင်သော အဖွဲ့သည် ဘေးလွတ်ရာထွက်ပြေးနေရကြောင်း၊ ရွှေပြည်ရွာမှ ရဲများသည်လည်း ထုံးကြီးရွာရှိ စစ်တပ် စခန်းတွင် လာရောက် ပူးပေါင်း၍ ခံစစ်ပြင်ဆင်နေကြောင်း သိရသည်။

အလားတူ ထုံးကြီးရွာမှ ပျူစောထီး ဥက္ကဋ္ဌ ကျော်စိုး(ခ)အောင်ကျော်စိုးဆိုသူသည် PDF တပ်ဖွဲ့များထံ အလံဖြူထောင်မည် ပြောဆိုပြီး ထွက်ပြေးသွားသောကြောင့် အကြမ်းဖက် စစ်တပ်မှ ဗိုလ်ထက်လွင်အောင် ဦးဆောင်သော စစ်ကြောင်းက လိုက်လံ ဖမ်းဆီးရာ ပြန်လည် ဖမ်းမိသွားပြီး ရိုက်နှက် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“စဉ့်ကူးနယ်ထဲမှာ စစ်ခွေးတွေက နေ့စဉ်ကို ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ လေကြောင်းနဲ့ ဗုံးကျဲတာတွေလုပ်နေသလို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးတွေလည်း နေ့စဉ်ကို ထွက်ပြေးတာတွေဖြစ်နေတယ်” ဟု စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြား​ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article