26 C
Yangon

ရှမ်းမြောက်တွင် ကျားဖြန့်တိုက်ဖျက်ရေး​ ခေါင်းစဉ်ဖြင့် MNDAA နှင့် TNLA တို့က နယ်မြေချဲ့ထွင် တိုက်ခိုက်နေသဖြင့် လုံခြုံရေး အလေးထားနေရဟု အကြမ်းဖက်ဇော်မင်းထွန်းပြောဆို

Must read

ရန်ကုန်၊ ဇူလိုင် ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့် MNDAA နှင့် တအာင်း TNLA တို့က ကျားဖြန့် တိုက်ဖျက်ရေး ခေါင်းစဉ်ဖြင့် နယ်မြေချဲ့ထွင် တိုက်ခိုက်နေသဖြင့် လုံခြုံရေး အလေးထား ဆောင်ရွက်နေရကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုသည်။

ဇူလိုင်လ ၉ ရက်နေ့တွင် စစ်ကောင်စီ မီဒီယာများမှတစ်ဆင့် အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်ပြီး MNDAA က TNLA ၊ AA တို့နှင့်ပူးပေါင်းပြီး “၀” ဒေသမှ တစ်ဆင့် ချင်းရွှေဟော်မြို့ကို စတင် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် MNDAA နှင့် TNLA တို့က နမ့်ခမ်း၊ သိန္နီ၊ ကွတ်ခိုင်၊ ကွမ်းလုံနှင့် လောက်ကိုင်မြို့၊ မန်တုံ၊ နမ္မတူမြို့၊ ဟိုပန်မြို့တို့ကို တိုက်ခိုက်ခဲ့ကြောင်း ၊ ဇွန်လ ၂၅ ရက်နေ့တွင် TNLA က နောင်ချိုနှင့်ကျောက်မဲဒေသမှ စစ်စခန်းများနှင့် မြို့ကို တိုက်ခိုက်ခဲ့ကြောင်း၊ ဇူလိုင်လ ၃ ရက်နေ့တွင် MNDAA ပူးပေါင်းအဖွဲ့က လားရှိုးမြို့ကို တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

MNDAA က ချင်းရွှေဟော်နှင့် ကိုးကန့်နယ်မြေကို စတင်တိုက်ခိုက်စဉ်က ကျားဖြန့် တိုက်ဖျက်ရေး ခေါင်းစဉ်ဖြင့် စတင်ခဲ့ကြောင်း၊ ကျားဖြန့် လိမ်လည်မှုများနှင့်ပတ်သက်ပြီး စစ်ကောင်စီအနေဖြင့် မသိရှိခဲ့ကြောင်း၊ စစ်ကောင်စီအနေဖြင့် ကျားဖြန့် ကိစ္စကို သိရှိသည်နှင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ပြီး တရုတ်နိုင်ငံသား ၅၁၈၅၁ ဦး၊ အပါအဝင် နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ယင်းနောက် MNDAA က အထူးဒေသ ၁ ရရှိရေး ခေါင်းစဉ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။

MNDAA က NUG နှင့် တွေ့ဆုံပြီး နယ်မြေများကို လိုက်လံပြသခြင်း၊ ဆွေးနွေးခြင်းများ လုပ်ဆောင်သည့်အပြင် ကိုးကန့်ဒေသ၏ ပြင်ပကိုပါ နယ်မြေချဲ့ထွင်တိုက်ခိုက်လာကြောင်း၊ TNLA ကလည်း အလားတူ လုပ်ဆောင် ကြောင်း စစ်ကောင်စီက ဆိုသည်။

MNDAA ၊ TNLA တိုက်ခိုက်မှုများအပေါ် စစ်ကောင်စီအနေဖြင့် မြို့ရွာ လုံခြုံရေး ဦးစားပေးဆောင်ရွက်နေကြောင်း၊ ပြည်သူများအနေဖြင့် ၀ိုင်းဝန်း ပူးပေါင်းကြရန် မေတ္တာရပ်ခံကြောင်း စစ်ကောင်စီ၏အကြမ်းဖက် ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article