ဒီကနေ့ ဇူလိုင် ၁၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်ကောင်စီက ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေ၊ CEO ဦးဘမောင်စိန် အပါအဝင် ဒါရိုက်တာ ၉ ဦးကို ငွေကြေးခဝါချမှုနဲ့ စစ်ဆေးနေပြီး Yoma Bank ပိတ်သိမ်း ၊ဖျက်သိမ်းခံရတဲ့ အခြေအနေအထိ ကြုံလာနိုင်တယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။
- ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တခုလုံးကို အပြီးသတ်သိမ်းပိုက်ရရှိသွားပြီးနောက် တန့်ယန်းမြို့နယ်က စစ်ကောင်စီတပ်စခန်းအချို့ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့နေတယ်လို့ တအာင်းတပ်မတော် (TNLA)က ထုတ်ပြန်ထားပါတယ်။
- စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ကျေးရွာ ၁၁ ရွာ ရေနစ်မြုပ် နေပြီး သောင်းနဲ့ချီတဲ့ပြည်သူတွေဟာ ရေသန့်၊ ဓာတ်ဆားနဲ့ စားသောက်ကုန်တွေ လိုအပ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar