29 C
Yangon

ယနေ့ ပုဂ္ဂလိကဘဏ်များအားလုံးတွင် ငွေထုတ်ယူသူများကို ၂ သိန်းမှ ၅ သိန်းအထိသာ ထုတ်ပေးပြီး ရာခိုင်နှုန်းဖြင့် ငွေလဲသည့် စနစ် အသုံးပြုနေရ

Must read

ရန်ကုန်၊ ဇူလိုင် ၁၁

ယနေ့ ပုဂ္ဂလိကဘဏ်များအားလုံးတွင် ငွေထုတ်ယူသူများကို ၂ သိန်းမှ ၅ သိန်းအထိသာ ထုတ်ပေးပြီး ရာခိုင်နှုန်းဖြင့် ငွေလဲသည့် စနစ်ကို စတင်အသုံးပြုနေရကြောင်း သိရှိရသည်။

စစ်ကောင်စီက ဘဏ်များတွင် ငွေကြေးလိုအပ်ချက်အတိုင်း ဖြည့်ဆည်းပေးနေပါသည်ဟု သတင်းထုတ်ပြန်ထားသော်လည်း ယနေ့ ပုဂ္ဂလိကဘဏ်များအားလုံးတွင် ငွေထုတ်ယူသူများ များပြားခဲ့ကြောင်း၊ သိုရာတွင် ငွေထုတ်လိုသည့်ပမာဏအတိုင်း မရရှိကြဘဲ ငွေကျပ် ၂ သိန်းမှ ၅ သိန်းသာ ရရှိကြောင်း ငွေထုတ်ယူသူများက ပြောဆိုကြသည်။

“KBZ (စမ်းချောင်း)မှာ သွားစောင့်နေတာ ။ မနက်ကနေ ၂ နာရီကျော်တဲ့အထိပဲ။ ၂ သိန်းပဲရတယ်။ လူကတော့ များချက်ပဲ” ဟု ငွေထုတ်ယူခဲ့သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဧရာ၀တီဘဏ်၊ UAB ဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ်အများစုတွင်လည်း ငွေထုတ်ရခက်ခဲနေပြီး တချိုဘဏ်များတွင်မူ လိုအပ်သလောက် မရသော်လည်း ငွေကျပ် သိန်း ဆယ်ဂဏန်းခန့် ရရှိကြောင်း ပြောဆိုကြသည်။

လက်ရှိတွင် ရာခိုင်နှုန်းဖြင့် ငွေလဲသည့် စျေးကွက်ပြန်လည် စတင်နေပြီး ၂ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ ငွေကြေးပမာဏနှင့် ငွေသားရရှိမှု လွယ်ကူမှုအပေါ် မူတည်၍ လဲလှယ်နေကြပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယနေ့ KBZ ရန်ကုန်ဘဏ်ခွဲ ၃၇ မြင်ကွင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယနေ့ KBZ ရန်ကုန်ဘဏ်ခွဲ ၃၇ မြင်ကွင်း။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article