28 C
Yangon

တိုက်ကြီး၊ အမှတ် ၁ စစ်တပ် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ ဆင်း တပ်သားသစ်များ သံတွဲရှေ့တန်းစစ်မျက်နှာပြင်သို့ အပို့ခံခဲ့ရပြီး တပ်သားသစ် ၁၀၀ ကျော် အဆက်အသွယ်ပြတ်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၁၂

ရန်ကုန်တိုင်း၊ တိုက်ကြီး၊ အမှတ် ၁ စစ်တပ် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ ဆင်း တပ်သားသစ်များ သံတွဲရှေ့တန်းစစ်မျက်နှာပြင်သို့ အပို့ခံခဲ့ရပြီး တပ်သားသစ် ၁၀၀ ကျော် အဆက် အသွယ်ပြတ်တောက်နေကြောင်း တပ်သတင်းရင်းမြစ်နှင့် တပ်သားသစ်တချို့၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၈ ရက်နေ့တွင် တိုက်ကြီး၊ အမှတ် ၁ စစ်တပ် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်းခဲ့ပြီး တပ်သားသစ် ၁၀၀ ကျော်ကို သံတွဲစစ်မျက်နှာပြင်သို့ စစ်ကောင်စီက ပို့ဆောင်ခဲ့ကြောင်း၊ ယမန်နေ့ညပိုင်း AA က သံတွဲရှိ နောက်ဆုံး စစ်တပ်လက်ကျန်စခန်းဖြစ်သော ခလရ ၅၅ တပ်ရင်းကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း ကြေညာခဲ့ရာ အဆက်အသွယ်ပြတ်တောက်နေသော တပ်သားသစ်များ၏ မိဘများက ၎င်းတို့၏သားများ သေဆုံးခြင်း(သို့မဟုတ်) စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း အခြေအနေများကို စုံစမ်းပေးရန် ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်အကူအညီတောင်းခံကြသည်။

“ကမ်းခြေမှာ အဖမ်းခံထားရတဲ့ စစ်သုံ့ပန်းတွေထဲမှာ ဘယ်ဘက်လက်မောင်း တက်တူးနဲ့ နူတ်ခမ်းကွဲနေတဲ့ ကျနော့်ညီလေးနဲ့ အရမ်းတူတဲ့ လူတစ်ဦးမြင်ရလို့ စုံစမ်းပေးစေချင်ပါတယ်။ သူက ရန်ကုန်တိုက်ကြီး အမှတ် ၁ တန်းမြင့်လေ့ကျင့်ရေးကျောင်းက ဇွန်လ ၂၈ ရက်နေ့က သင်တန်းဆင်းသွားတဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကပါ ။ အသက် ၃၁နှစ် ပါ။ သူနောက်ဆုံးအကြိမ်ဖုန်းဆက်ခဲ့တာက ဇွန်လ ၂၉ ရက်နေ့မှာ ဖုန်းဆက်တာပါ။ ရခိုင်၊ သံတွဲဘက်ပို့လိုက်တယ်လို့ ပြောတယ်။ အဲဒီက တည်းက အဆက်အသွယ်ပြတ်သွားတာပါ” ဟု တပ်သားသစ်၏ အစ်ကိုဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုသည်။

တိုက်ကြီး အမှတ် ၁ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ တပ်သတင်းရင်းမြစ်ကလည်း တပ်သား ၁၀၀ ကျော်ကို ရခိုင်စစ်မျက်နှာပြင်များသို့ စေလွှတ်ခဲ့သည်မှာ မှန်ကန်ပြီး သင်တန်းဆင်း တပ်သားသစ်များကို အဓိကအားဖြင့် ရခိုင်နှင့် ရှမ်းမြောက်သို့ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။

“တိုက်ကြီး အမှတ် ၁ တန်းမြင့်ကျောင်းက သင်တန်းဆင်း တပ်သားသစ်တွေအားလုံးက ရခိုင်နဲ့ ရှမ်းမြောက်ကို ခွဲပြီးပို့တာပါ။ သင်တန်းဆင်းပြီး နောက်တစ်ရက်မှာပဲ သက်ဆိုင်ရာ နယ်မြေအသီးသီးဆီ ပို့လိုက်တာပါ။ သူတို့ပါလာတဲ့ မိုဘိုင်းလ် ဖုန်းတွေကိုတော့ သင်တန်းစတက်အချိန်ကစပြီး တာဝန်ကျနေရာတွေဆီ ပို့လိုက်တဲ့အထိ ကျောင်းမှာပဲ သိမ်းဆည်းထားပါတယ်” ဟု တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူခဲ့သော တပ်သားသစ်များကို မိမိတို့၏ သက် ဆိုင်ရာ နယ်မြေများတွင်သာ လုံခြုံရေး တာဝန်ထမ်းဆောင်စေမည်ဖြစ်ပြီး ရှေ့တန်းတွင် စစ်မတိုက်ခိုင်းပါ ဟု ပြောဆိုထုတ်ပြန်ခဲ့သော်လည်း သင်တန်းဆင်းပြီးချိန်တွင် တပ်သားသစ်များအားလုံးကို ရှေ့တန်းစစ်မျက်နှာပြင်များသို့ တိုက်ရိုက်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – သံတွဲတွင် AA က ဖမ်းဆီးရရှိထားသည့် စစ်သုံ့ပန်းများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

သံတွဲတွင် AA က ဖမ်းဆီးရရှိထားသည့် စစ်သုံ့ပန်းများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article