35 C
Yangon

စစ်ကောင်စီတပ်မှ စစ်သည်မှစ၍ အရာရှိကြီးများအထိ လက်နက်ချ အလင်း ဝင်လျှင် ငွေကျပ် အနည်းဆုံး ၁၀ သိန်းမှ ၃၅ သိန်းအထိ ချီးမြှင့်ပြီး အသက်ကို အာမခံချက်ပေးမည်ဟု MNDAA က ဖိတ်ခေါ်ကြေညာ

Must read

ရန်ကုန်၊ ဇူလိုင် ၁၂

အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သည်မှစ၍ အရာရှိကြီးများအထိ လက် နက်ချ အလင်းဝင်လျှင် ငွေကျပ် အနည်းဆုံး ၁၀ သိန်းမှ ၃၅ သိန်းအထိ ချီးမြှင့်ပြီး အသက်ကို အာမခံချက်ပေးမည်ဟု MNDAA က ကြေညာလိုက်သည်။

မင်းအောင်လှိုင် စစ်တပ်မှ လက်နက်ကိုင်တပ်ဖွဲ့ဝင်အများအပြားသည် MNDAA ၏ ရှေ့တန်းတပ်ဖွဲ့ထံသို့ လာရောက် လက်နက်ချခဲ့ကြကြောင်း၊ ထိုသူများကို အသက်အာမခံချက်ပေးပြီး လူသားချင်းစာနာထောက်ထားသော ဆက်ဆံရေးများ ပေးခဲ့ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အလင်းဝင်ပြီး ပြည်သူ့ရင်ခွင့် ခိုလှုံကြရန် MNDAA က တိုက်တွန်းသည်။

အလင်းဝင်လာသူများကို အသက်အာမံချက်ပေးမည့်အပြင် လူသားချင်းစာနာသော ဆက်ဆံရေးများ ပေးမည်ဖြစ်ကြောင်း၊ စစ်သည်များအဆင့်ဆိုလျှင် ငွေကျပ် ၁၀ သိန်းမှစတင်၍ ဗိုလ်မှူးကြီးအဆင့်အထိ ငွေကျပ် ၃၅ သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း MNDAA က ထုတ်ပြန်ကြေညာသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article