25 C
Yangon

PDF ပူးပေါင်းတပ်များက စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာကို တိုက်ခိုက်သိမ်း ပိုက်ပြီးနောက် စစ်ကောင်စီက ၃ နှစ်ကျော်ကြာ ချိတ်ပိတ်ခဲ့သော နေအိမ်သို့ တော်လှန်ရေး PDF ရဲဘော်ကိုဝေမိုးကျော် ကိုယ်တိုင်သော့ဖွင့်၍ အိမ်ပြန်ခွင့်ရပြီ

Must read

PDF ပူးပေါင်းတပ်များက စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာကို တိုက်ခိုက်သိမ်း ပိုက်ပြီးနောက် စစ်ကောင်စီက ၃ နှစ်ကျော်ကြာ ချိတ်ပိတ်ခဲ့သော နေအိမ်သို့ တော်လှန်ရေး PDF ရဲဘော်ကိုဝေမိုးကျော် ကိုယ်တိုင်သော့ဖွင့်၍ အိမ်ပြန်ခွင့်ရပြီ

ရန်ကုန်၊ ဇူလိုင် ၁၃

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာကို PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ၃ နှစ်ကျော်ကြာ ချိတ်ပိတ်ခဲ့သော မိမိ၏ ကိုယ်ပိုင်နေအိမ်သို့ တော်လှန်ရေး PDF ရဲဘော်ကိုဝေမိုးကျော် ကိုယ်တိုင်သော့ဖွင့်၍ အိမ်ပြန်ခွင့်ရရှိသွားပြီဖြစ်သည်။

စဉ့်ကူးမြို့နယ်တွင် နွေဦးတော်လှန်ရေးတွင် ပါဝင်သဖြင့် ကိုဝေမိုးကျော်ကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ပြီး ၎င်း၏နေအိမ်ကိုလည်း ချိတ်ပိတ်သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ကိုဝေမိုးကျော်သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ်ဗျူဟာတွင် တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ PDF ပူးပေါင်းတပ်များက စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာကို တိုက် ခိုက်သိမ်းပိုက်လိုက်သဖြင့် ရဲဘော် ကိုဝေမိုးကျော်မှာ စစ်တပ်၏ ချိတ်ပိတ်မှု ခံထားရသော ၎င်း၏ နေအိမ်ကို ကိုယ်တိုင်သွားရောက်၍ သော့ဖွင့်ကာ ဝင်ရောက် အိမ်ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။

“ကျနော့်ရဲ့ ဌာနေဖြစ်တဲ့ စဉ့်ကူးမြို့နယ်၊ နွယ်ရုံဘက်ကို တိုက်ပေးတဲ့အတွက်ကြောင့် အိမ်ပြန်ခွင့်ရတာပေါ့။ MDY PDF နဲ့ မြို့နယ်ပကဖတွေ၊ Local PDF တွေနဲ့ ပူးပေါင်းတပ်တွေကို အရမ်းကျေးဇူးတင်ပါတယ်။ ကျနော်တို့ မိုးကုတ်ဗျူဟာကတော့ ဒီမိုးကုတ်ဘက်ကို တိုက်ခိုက်သိမ်းပိုက်နေတဲ့အတွက်ကြောင့်မို့ ကျနော်တို့ကိုယ်စား ဒီဘက်အခြမ်းကို တိုက်ပေးတဲ့MDY PDF နဲ့ မြို့နယ်ပကဖတွေ၊ Local PDF တွေနဲ့ ပူးပေါင်းတပ်တွေ ကို အများကြီး ကျေးဇူးတင်ပါတယ်။ အိမ်ပြန်ခွင့်ရတဲ့အတွက်ကြောင့်လည်း အတိုင်းမသိ ပြောတယ်။ Home Sick ဘ၀ကနေ ကျွတ်လွတ်တဲ့အတွက်ကြောင့် ကျေးဇူးအများကြီးတင်တယ်။ ပြည်သူများလည်း တခြားသူတွေ အိမ်ပြန်လို့ရအောင် အိမ်ပြခွင့်ရအောင် တော်လှန်ရေးမှာ ဆက်လက်ပြီးတော့ ပါဝင် ကူညီပံ့ပိုးပေးပါလို့ ပြောချင်တယ်။ မိုးကုတ်ကို သိမ်းနေတဲ့ မိုးကုတ်ဗျူဟာ ၁၂၂၁ ၊ ၁၂၂၂ ၊ ၁၂၂၃ တပ်ရင်းတွေလည်း လုံး၀ ဘေးကင်းပါစေလို့ ဆုတောင်းပါတယ် ” ဟု ကိုဝေမိုးကျော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article