30.3 C
Yangon

ရေစကြို ခလရ ၂၅၇ တပ်ရင်းမှ ထွက်လာသည့် စစ်တပ်ရိက္ခာပို့ကားတစ်စီးကို ဖမ်းမိ

Must read

ရေစကြို ခလရ ၂၅၇ တပ်ရင်းမှ ထွက်လာသည့် စစ်တပ်ရိက္ခာပို့ကားတစ်စီးကို ဖမ်းမိ

ရန်ကုန်၊ ဇူလိုင် ၁၄

မကွေးတိုင်း၊ ရေစကြိုမြို့ ခလရ ၂၅၇ တပ်ရင်းမှ ထွက်လာသည့် ရိက္ခာပို့ကား တစ်စီးကို ဖမ်းဆီးရရှိခဲ့ ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၁၄ ရက် နံနက် ၆ နာရီ ၃၀ မိနစ်အချိန်က ရေစကြိုမြို့ ခလရ ၂၅၇ တပ်ရင်းမှ ဇီး တော ပျူစောထီးကျေးရွာစခန်းသို့ ပို့ဆောင်မည့် ရိက္ခာတင်ကားတစ်စီးကို ကြိုတင် သတင်းအရ အောင်မိုးလမ်းခွဲ အရောက် စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ ဆန် ၂၄ အိတ်၊ ဆီပုံး ၄ လုံး၊ ဆား ၂ အိတ် ၊ ပဲ ၃ အိတ် ၊ နို့ဆီ ၅ ဖာတို့နှင့်အတူ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖမ်းမိတဲ့သူတွေကိုတော့ စစ်ဆေးနေတုန်းပဲ၊ စစ်သား၊ ပျူလား၊ ပြည်သူလား မသိရသေးဘူး။ ကား ကတော့ လိုက်ထရပ်ကားနဲ့လာတာ၊ အရပ်သားကားပုံစံမျိုးလုပ်ပြီး ပို့တဲ့သဘောပါ။ ကြိုတင်သတင်း ရလို့ ဖမ်းမိခဲ့တာပါ” ဟု ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article