27 C
Yangon

မင်းအောင်လှိုင်ကြောင့် တပ်မတော်သားများ မိသားစုနှင့်ကွဲကွာ၍ အသက်ဘေးနှင့် ကြုံတွေ့နေရဟု အလင်းဝင်လာသည့် တပ်ကြပ် မျိုးဇော် ပြောဆို

Must read

မင်းအောင်လှိုင်ကြောင့် တပ်မတော်သားများ မိသားစုနှင့်ကွဲကွာ၍ အသက်ဘေးနှင့် ကြုံတွေ့နေရဟု အလင်းဝင်လာသည့် တပ်ကြပ် မျိုးဇော် ပြောဆို

■ လားရှိုးမြို့ တိုက်ပွဲများအတွင်း အလင်းဝင်လာသည့် စစ်သားများကို MNDAA က ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေး

ရန်ကုန်၊ ဇူလိုင် ၁၄

အကြမ်းဖက် စစ်အာဏာရှင် မင်းအောင်လှိုင်ကြောင့် တပ်မတော်သားများ မိသားစုနှင့်ကွဲကွာကာ အသက်ဘေးနှင့်ရင် ဆိုင်နေရကြောင်း လားရှိုးမြို့နယ်တွင် MNDAA ထံ လက်နက်ချအလင်းဝင်လာသော တပ်ကြပ် မျိုးဇော်က ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီ တပ်သား တပ်ကြပ် ဇော်မျိုးက အကြမ်းဖက် စစ်အာဏာရှင် မင်းအောင်လှိုင်ကို ပြောထားသော ရုပ်သံကို MNDAA က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“စစ်အာဏာရှင်မင်းအောင်လှိုင်ကြောင့် ကျနော်တို့တပ်မတော်သား မိသားစုဝင်တွေလည်း အသက် ဘေးနဲ့ ကြုံတွေ့နေရပါတယ်။ မိသားစုတွေလည်း ကွဲကွာနေရပါတယ်။ မကြာမီမှာလည်း ပြည်သူလူ လိုလားသော ၊ ပြည်သူလူထုရွေးချယ်ထားသော နိုင်ငံတော်တစ်ခုဖြစ်ပေါ်လာမယ်လို့ ယုံကြည်ပါ တယ်” တပ်ကြပ်ဇော်မျိုးက ပြောကြားသည်။

တပ်ကြပ်ဇော်မျိုးသည် ဇူလိုင်လ ၁၂ ရက်နေ့က လားရှိုးမြို့နယ်အတွင်း၌ ညီနောင်မဟာမိတ် ၃ ဖွဲ့ ထံ လက်နက်ချအလင်းဝင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် အခြေခံ စစ်ပညာသင်တန်းဆင်းကာ ကွမ်လုံ ဗျူဟာတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

“လာရှိုးမှာ စစ်ဘေးဒဏ်ခံစားနေရတဲ့ ပြည်သူလူထုအတွက် အင်မတန်မှ ဝမ်းနည်းမိပါတယ်။ စစ် အာဏာရှင်မင်းအောင်လှိုင်က ကိုဗစ် ၁၉ ခံစားနေရတဲ့အချိန် ပြည်သူတွေရွေးချယ်ထားတဲ့ အာဏာ ကို သိမ်းယူခဲ့ခြင်းဖြစ်ပါတယ်။ ပြည်သူလူထုက လွတ်လပ်စွာဆန္ဒထုတ်ဖော်တဲ့အချိန်မှာ လက်နက်နဲ့ နှိမ်နင်းခဲ့ပါတယ်။ ဒီလိုနှိမ်နင်းမှုကြောင့်ပဲ ပြည်သူလူထုက ရရာလက်နက်နဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါ တယ်။ လားရှိုးမှာခံစားနေရတဲ့ပြည်သူတွေအတွက်လည်း အင်မတန်မှ စိတ်မကောင်းဖြစ်ရပါတယ်။ ဒီလိုဖြစ်လို့လည်း မဟာမိတ်အဖွဲ့တွေကိုလည်း အပြစ် မမြင်ပါဘူး။ မဟာမိတ်အဖွဲ့တွေကလည်း နိုင် ငံသစ်တည်ထောင်နေခြင်းမဟုတ်ပါဘူး။ ပြည်သူလိုလားတဲ့ ပြည်ထောင်စုတည်ထောင်နေခြင်းပါ တယ်။” ဟု တပ်ကြပ်ဇော်မျိုးက ပြောကြားထားသည်။

ထို့ပြင် လားရှိုးမြို့နယ်တွင် လက်နက်ချ အလင်းဝင်ခဲ့သော စစ်ကောင်စီ တပ်သားများကိုလည်း MNDAA တပ်ဖွဲ့က ကျန်းမာရေး စောင့်ရှောင်မှု ပေးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article