35 C
Yangon

လားရှိုး၊ စစ်ကောင်စီ၏ နန်းကျိုင်းစခန်းကို MNDAA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကလေးများကို စစ်ရေးအတွက် စစ်တပ်က အသုံးပြုမှု စိစစ်တွေ့ရှိရ

Must read

သီပေါနှင့်မိုင်းရယ်နယ်စပ်ရှိ ခလရ-၂၃ တပ်စခန်းကိုလည်း MNDAA က သိမ်းယူ

ရန်ကုန်၊ ဇူလိုင် ၁၇

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ နန်းကျိုင်းစခန်းကို MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ကလေးများကို စစ်ရေးအတွက် စစ်တပ်က အသုံးပြုမှု စိစစ်တွေ့ရှိရကြောင်း MNDAA က တရားဝင် ထုတ်ပြန်ပြောဆိုသည်။

ဇူလိုင် ၁၄ ရက်နေ့ MNDAA က လားရှိုးမြို့နယ်၊ နန်ကျိုင်းစခန်းကို သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ စစ်သုံ့ပန်းများဖမ်းဆီးရရှိကြောင်း၊ ဖမ်းဆီးရရှိသော စစ်သုံ့ပန်းတွင် အသက် ၁၈ နှစ်မပြည့်သောကင်းထောက်ကလေး ၃ ဦး ပါဝင်သည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ပြောဆိုသည်။

ထို့ပြင် ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် လားရှိုးစစ်ပွဲဇုန်အတွင်းတွင် စစ်ကောင်စီတပ်မှ ဒုတိယတပ်ခွဲမှူး ၁ ဦး အပါအဝင် စ်သုံ့ပန်း ၃၂ ဦး ဖမ်းဆီးရရှိကြောင်း၊ ဒဏ်ရာရ စစ်သုံ့ပန်းများကို လူသားချင်းစာနာမှုဆိုင်ရာ ဆေးဝါးကုသမှုများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ရှမ်းပြည်နယ်၊ သီပေါနှင့် မိုင်းရယ်မြို့နယ်အစပ် ဆင်ကျော့ ကျေးရွာ အုပ်စုရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၂၃ တပ်စခန်းကိုလည်း ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက်သိမ်းယူလိုက်ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီ၏ ခလရ-၂၃ စစ်စခန်းကို ကိုးကန့်MNDAA က ဝင်ရောက်ပစ်ခတ် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article