ဖလမ်းမြို့၊ ခလရ ၂၆၈ တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ CNDF ထံတွင် အလင်းဝင်မှု ငွေကျပ် သိန်း ၈၀ ဆုချီးမြှင့်
ရန်ကုန်၊ဇူလိုင် ၁၇
ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ခလရ ၂၆၈ တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး CNDF ထံ အလင်းဝင်ရောက်လာပြီး ငွေကျပ် သိန်း ၈၀ ချီးမြှင့်ခဲ့ကြောင်း Chin National Defense Force က ပြောဆိုသည်။
ဇူလိုင်လ ၃ ရက်နေ့တွင် ဖလမ်းမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၆၈ တပ်ရင်းမှ ဒုတပ်ကြပ် မိုးဇက် က လက်နက် ခဲယမ်းများ ယူဆောင်လာပြီး CNDF ထံတွင် အလင်းဝင်ခဲ့ကြောင်း သိရသည်။
အလင်းဝင်လာသော ဒုတပ်ကြပ် မိုးဇက်သည် MA-4 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု ၊ ကျည်ဆံ ၁၂၀ တောင့် နှင့် 40 MM ဗုံးသီး ၁၄ လုံးတို့ ယူဆောင်လာသောကြောင့် CNDF က ဆုငွေ သိန်း ၈၀ ချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးပြီးဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ပြည်သူ့ဘက်ကို ပူးပေါင်းလိုသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် CNO/CNDF အမြန်ဆုံး ဆက်သွယ်၍ အလင်းဝင်ရောက်နိုင်ကြောင်း CNO/CNDF က ဖိတ်ခေါ်ထားသည်။