24 C
Yangon

လောင်းလုံးမြို့မှ ထွက်လာသော စစ်ကြောင်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး၊ တိုက်ပွဲဖြစ်ရာ အနီးရှိ ကလေးငယ် ၁ ဦးကို စစ်တပ်က ပစ်သတ်

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံး၊ တိုက်ပွဲဖြစ်ရာ အနီးရှိ ကလေးငယ် ၁ ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း Launglone People Defence Force- LLPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် လောင်းလုံးမြို့တွင်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် သဗျာရွာနတ်ရေ ရတနာကျောင်းအနီး၌ နွေဦးပြောက်ကျားတပ်ဖွဲနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သားများက သဗျာရွာနတ်ရေ ရတနာကျောင်းဝင်းအတွင်းဝင်ရောက် သွားကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ယာယီ တပ်စွဲထားရာ အနီးရှိ ပြည်သူ ၁ ဦးကိုလည်း စစ်ကောင်စီ တပ်သားများက ဖမ်းဆီး ရိုက်နှက်ခဲ့ပြီး အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးကို ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားရာ နေရာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၄ နာရီကြာ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီ တပ်သားများ အထိနာပြီး လောင်းလုံးမြို့ အတွင်း ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ ၄ ဦးသေဆုံးပြီး ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း Launglone People Defence Force- LLPDF မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံး (ပကဖ) နှင့် ထားဝယ်ခရိုင်တပ်ရင်း (၁) ၊နွေဦးပြောက်ကျားတပ်ဖွဲ့ ၊ ဓူဝံကြယ်တပ်ဖွဲ့ ၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article