ရန်ကုန်၊ ဇူလိုင် ၁၇
အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သည် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရှေ့တန်းစစ်မြေပြင်သို့ ကွင်းဆင်း တွေ့ဆုံအားပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ကောလင်းခရိုင်တပ်ရင်း၂ ၏ သတင်းနှင့်ပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကောလင်းခရိုင်တပ်ရင်း ၂ ၏ ထုတ်ပြန်ချက်တွင် “ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးကို မြေပြင်မဆင်းဘူးလားလို့ ပြောပြောနေကြသူများ ခင်ဗျာ။ ကျွန်တော်တို့တပ်ရင်းတွေက လုံခြုံရေးအရ သတင်းမထုတ်ပြန်တာပဲရှိတာပါ။ ဖော်ပြပါပုံများကတော့ လွန်ခဲ့တဲ့၂လ ကျော်က ကျွန်တော်တို့ ကောလင်းခရိုင်၊ အမှတ်(၂)တပ်ရင်းရဲ့ ရှေ့တန်းစစ်မြေပြင်ရှိရှေ့တန်းရဲဘော်တွေကို ဝန်ကြီးအနေနဲ့ ကိုယ်တိုင်လာရောက်တွေ့ဆုံအားပေးရင်း လိုအပ်တာများညွှန်ကြားခဲ့စဥ်က မှတ်တမ်းဓာတ်ပုံအချို့ပဲဖြစ်ပါတယ်ခင်ဗျာ” ဟု သတင်းထုတ်ပြန်သည်။
အဆိုပါသတင်းထုတ်ပြန်မှုနှင့်ပတ်သက်၍ ရန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းရာ လွန်ခဲ့သည့် ၂ လခန့်က ကောလင်းခရိုင်အမှတ် ၂ တပ်ရင်း၏ ရှေ့တန်းစစ်မြေပြင်ရှိ ရဲဘော်များကို လာရောက်တွေ့ဆုံကာ လိုအပ်သည်များ ညွှန်ကြားပေးခဲ့ကြောင်း၊ လုံခြုံရေးအရ သတင်းထုတ်ပြန် ခြင်းမပြုခဲ့ဘဲ ယခုမှ မှတ်တမ်းဓာတ်ပုံနှင့်တကွ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
“အခြားသတင်းစကားပါးဖို့တော့ မရှိသေးပါဘူး၊ လက်ရှိထုတ်ပြန်ထားသလောက်ပါပဲ၊ သတင်း တင် ထားတာထက် ပိုဖြေကြားခွင့်မရှိလို့ပါ” ဟု ကောလင်းခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar