ရန်ကုန်၊ ဇူလိုင် ၁၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သန္နီမြို့၊ မြို့မစျေးကို စစ်တပ်က ယမန်နေ့ တိုက် လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချခဲ့မှုကြောင့် သေဆုံးသော အရပ်သား ပြည်သူများတွင် SNLD စည်းရုံးရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး စိုင်းထွန်းကြည် ပါဝင်သွားကြောင်း SNLD သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန် ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ မြို့မဈေးကို ဦးတည်၍ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများကျဲချခဲ့ရာ စျေးဆိုင်ခန်းများနှင့်လူနေအိမ်များ ထိခိုက်ပျက်စီးပြီး ပြည်သူများ သေဆုံးခဲ့ကြောင်း၊ ယင်းသေဆုံးသူများတွင် သိန္နီမြို့နယ်၏ SNLD စည်းရုံးရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး စိုင်းထွန်းကြည် ပါဝင်သွားကြောင်း သိရှိရသည်။
“အရင် SNLD ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်း ဖေ့ဘုတ်စ်မှာ တင်ထားတယ်။ သိန္နီမြို့နယ် SNLD ပါတီဝင်တွေဆီကလည်း စိုင်းထွန်းကြည် သေဆုံးတာ အတည်ပြုတယ်။ သတင်းကတော့ မှန်တယ်” ဟု SNLD ပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ရှမ်းလူငယ်တစ်ဦးဖြစ်သော စိုင်းအောင်ထွန်းလည်း စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးခဲ့ရကြောင်း၊ လတ်တလော သေဆုံးသူသည် အနည်းဆုံး ၇ ဦးခန့်ရှိနိုင်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – အနီဖြင့် ၀ိုင်းပြထားသူမှာ စစ်ကောင်စီ၏ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသွားသည့် သိန္နီမြို့နယ် SNLD စည်းရုံးရေးမှူးနှင့် တွဲဖက် အတွင်းရေးမှူး စိုင်းထွန်းကြည်ဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar