ဘုတလင်မြို့နယ်တွင် အာဇာနည်နေ့ အထိမ်းအမှတ်ပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၁၉
ဘုတလင်မြို့နယ်တွင် ဘုတလင်မြို့နယ် ပင်မသပိတ်စစ်ကြောင်းက ဦးဆောင်၍ ၇၇ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ အပါအဝင် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာနည်ရဲဘော်များကို အလေးပြုခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ဘုတလင်မြို့နယ်ပင်မသပိတ် ၊ ဘ က သ ၊ တ က သကျောင်းသားများ ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်ရဟန်းရှင်လူပြည်သူများပူးပေါင်း၍ ချီတက်အလေးပြုခဲ့ကြသည်။