မြောင်မြို့နယ်တွင် အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ် ချီတက်
ရန်ကုန်၊ ဇူလိုင် ၁၉
စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ ဒီနေ့ ကျရောက်တဲ့ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီသော အာဇာနည် ခေါင်းဆောင်များအပါအဝင် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားသော ရဲဘော်များကို အောက်မေ့သတိရစွာနဲ့ လွမ်းသူပန်းခွေများဖြင့် အလေးပြုခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြပါတယ်