25 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် ဇူလိုင်လ လဝက် တိုက်ပွဲများအတွင်း စစ်သား ၃၇ ဦးသေဆုံး

Must read

KNU တပ်မဟာ ၅ နယ်မြေတွင် ဇူလိုင်လ လဝက် တိုက်ပွဲများအတွင်း စစ်သား ၃၇ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၉

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုတွေင် ဇူလိုင်လ လဝက် တိုက်ပွဲပေါင်း ၆၆ ကြိမ်အတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်သား ၃၇ ဦးသေဆုံးခဲ့ကြောင်း မူတြော်သတင်းစဉ်ထံမှ သိရသည်။

ဇူလိုင်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ မူတြော်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၅ တပ်မဟာ လက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲ၊ တပ်စု၊ တပ်စိပ်စစ်သည်တော်များ၊ မဟာမိတ်စစ်သည်တော်များအကြား တိုက်ပွဲ ပေါင်း ၆၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ အကြမ်းဖက်စစ်သား ၃၇ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သေဆုံးသူများတွင် ဗိုလ်တစ်ဦးပါဝင်ကြောင်း သိရသည်။

ထို့အတူ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းအချို့လည်း မီးလောင်ပျက်စီးခဲ့ပြီး အကြမ်းဖက်စစ်သား များအတွက် ရိက္ခာပို့ရာတွင် အသုံးပြုသော မြင်းလားတစ်ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်မှ ရဲဘော် တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU အမှတ် ၅ တပ်မဟာဌာနချုပ်က ထုတ် ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article