ခင်ဦးမြို့ ထွေအုပ် ရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ
ရန်ကုန်၊ ဇူလိုင် ၂၀
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ ထွေအုပ် ရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Dragon Urban Guerrilla အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ခင်ဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်သားနှင့် ရဲများ အင်အား ၂၀ ခန့် တပ်စွဲထားသော ထွေအုပ်ရုံးကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီ ၈ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ခင်ဦးမြို့ ထွေအုပ်ရုံးထဲမှာရှိတဲ့ စစ်ခွေးနဲ့ ရဲခွေး အကောင် ၂၀ ခန့်ရှိနေတဲ့ အဆောက်အဦးကို ဒရုန်းနဲ့ ဗုံးသီး ၈ လုံး ကျဲချ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ရဲခွေးတွေ ထိခိုက်မှုရှိတယ်။ အရေအတွက်ကို ဆက်လက် စုံစမ်းနေတယ်” ဟု Dragon Urban Guerrilla အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို DUGF ( Dragon Urban Guerrilla ) ၊ ရွှေဘိုခရိုင် တပ်ရင်း ၃ နှင့် FIRE Dragon (Khin U) ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
