25 C
Yangon

ချောက်မြို့နယ်၊ ကတိုင်ကျေးရွာကို စစ်တပ်က ဝင်ရောက် ဓားပြတိုက်ပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးကာ ရွှေ၊ ငွေ၊ ကား၊ဆိုင်ကယ်တို့အပါအဝင် ကာလတန်ဖိုး ငွေကျပ်သိန်း ၃၀၀၀ ခန့်လုယက်သွား

Must read

ချောက်မြို့နယ်၊ ကတိုင်ကျေးရွာကို စစ်တပ်က ဝင်ရောက် ဓားပြတိုက်ပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးကာ ရွှေ၊ ငွေ၊ ကား၊ဆိုင်ကယ်တို့အပါအဝင် ကာလတန်ဖိုး ငွေကျပ်သိန်း ၃၀၀၀ ခန့်လုယက်သွား

ရန်ကုန်၊ ဇူလိုင် ၂၁

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကုန်းကြီးရွာတွင် အထိုင်ချတပ်စွဲထားသော အကြမ်း ဖက်စစ်သား၊ ပျူစော ထီးများက ကတိုင်ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းဓားပြတိုက်ကာ ပြည်သူ ၁ ဦးကို ဖမ်းဆီး​ပြီး ရွှေ ၊ ငွေ၊ ကား ၊ ဆိုင်ကယ်တို့အပါအဝင် ကာလတန်ဖိုး ငွေကျပ် သိန်း ၃၀၀၀ ခန့် ယူသွားဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြော ကြားသည်။

ဇူလိုင်လ ၁၉ ရက်နေ့ ချောက်မြို့နယ်၊ ကတိုင်ကျေးရွာကို စစ်တပ်က စစ်ကား များဖြင့် ဝင်ရောက်လာကာ သေနတ်များ ပစ်ဖောက်ပြီး စီးနင်းခဲ့ကြောင်း၊ ကျေးရွာနေပြည်သူများမှာ ထွက် ပြေးခဲ့ကြရကြောင်း၊ ထိုသို့ ထွက်ပြေးသွားသည့် ပြည်သူ့နေအိမ်များကို ဖောက်ထွင်းကာ ရွှေ ၅၀ ကျပ် သားနှင့် ငွေသား ကျပ် သိန်း ၈၀ ခန့်၊ ကား ၊ ဆိုင်ကယ် ၇ စီးတို့အပါအဝင် နေအိမ်အတွင်းရှိ ပစ္စည်း များခိုးယူသယ်ဆောင်သွားကြောင်း သိရသည်။

ထို့အပြင် အသက် ၃၅ နှစ်အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသွားပြီး ပြည်သူ့နေအိမ်များ အတွင်းရှိ ပစ္စည်းများကို ပထမ တစ်ကြိမ်တွင် ဖောကား ၄ စီး၊ ဒုတိယအကြိမ်ဖောကား ၈ စီးဖြင့် ကုန်းကြီးရွာရှိ ပျူစောထီးစခန်းသို့ သယ်ဆောင်သွားကြောင်း သိရသည်။

“အကြောင်းမဲ့ စစ်ကူးတွေနဲ့ ဝင်လာပြီး သေနတ်တွေပစ်ဖောက်နင်းတာ၊ ပြည်သူတွေက ထွက်ပြေး တယ်၊ ထွက်ပြေးသွားကြတဲ့ ပြည်သူတွေနေအိမ်တွေကို ဖောက်ပြီး ရွှေ၊ ငွေ ၊ ဘီး၊ အုန်းဆီပုလင်း၊ မှန် ကအစ အကုန်သယ်သွားတာ၊ တစ်ချို့ဆိုရင် ၄ ကျပ်သား၊ ၃ ကျပ်သား၊ ၂၅ ကျပ်တို့ စုစုပေါင်းရွှေက ၅၀ ကျပ်သားလောက်ပါသွားတယ်၊ ငွေသားက သိန်း ၈၀ လောက်ပါသွားတာ၊ပျူတွေက အုန်းဆီ ပုလင်း၊ ဘီး၊ ငါးခြောက်ငါးခြမ်းကအစသယ်သွားတာ၊ ခန့်မှန်းတန်ကြေးဆိုရင် သိန်း ၃ ထောင်ဖိုး လောက် ပါမယ်၊ ကတိုင်ရွာက ဈေးဝယ်ဖို့သုံးတဲ့ကားလည်းပါသွားတယ်၊ နောက်ပြီးတော့ ရွာထဲက ခိုးလာပြီး ရွာပြင်အုတ်ခုံပေါ်တင်ပြီး ရွှေတွေ ဝတ်ကြည့်နေတာလည်း တစ်ချို့ရွာသားတွေက တွေ့ လိုက်တယ်၊ အကြမ်းဖက်စစ်တပ်က ဓားပြတိုက်နေတဲ့အထိ ဒီဘက်မှာ ဆိုးရွားနေတာ” ဟု ဒေသနေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်သားများက ဝင်ရောက်စီးနင်းမှုကြောင့် ကတိုင်ကျေးရွာနေ ပြည်သူများမှာ ယနေ့ အထိ ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်သို့ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း သိရ သည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် အလောင်းမင်းတရား စစ်ဆင်ရေးအမည်ဖြင့် ထိုးစစ်ဆင်ခဲ့ကြသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article