ပခုက္ကူရှိ စစ်တပ် ဂိတ်စခန်းနှင့် လေဆိပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား၊ တပ်စွဲနေရာများမှ စစ်သားများ ထွက်ပြေး
ရန်ကုန်၊ ဇူလိုင် ၂၁
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းနှင့် လေဆိပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၆ ရက်နေ့ ညပိုင်းနှင့် ၁၇ရက်နေ့ နံနက်ပိုင်း မှ ညနေပိုင်းအထိ ပခုက္ကူမြိုနယ် ပန်းတိုင်ခြုံကျေးရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းနှင့် ပခုက္ကူ လေဆိပ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင် ဗုံးသီးအလုံး ၄၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ပြီး ပန်းတိုင်းခြုံ ဂိတ်စခန်းမှ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ များပြားကြောင်း သိရှိရသည်။
ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ညနေပိုင်းအထိ ပခုက္ကူလေဆိပ်ကို Drone ဖြင့် ဗုံးသီး ၁၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
“ပခုက္ကူ လေဆိပ်မှာ တပ်ဆွဲနေထိုင်နေတဲ့ စစ်ခွေးနဲ့ ပျူစောထီးတွေ လေဆိပ်မှာ ဆက်လက် နေထိုင်ခြင်းမရှိတော့ဘဲ ပြန်ဆုတ်သွားပြီး ၂၀ ရက်နေ့မှာ အကုန်လုံး ပြန်ဆုတ်သွားတာ” ဟု Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို မြိုင် ပကဖ၊ ဒေါင်းသွေးနီ၊ ဒေါင်းအလံလွင့်မည့်စေတမန်၊ PKU N PDF၊ ပခုက္ကူပကဖဒရုန်းတပ်ဖွဲ၊ နယ်စည်းမခြား ၊ ပခုက္ကူမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ – ၂ မှ Shwe Nyar Myae PDF ၊ Royal Eagle အဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
