25 C
Yangon

သမ္မတရာထူး ၁၀ နှစ်အထိ တာဝန်ယူလိုရတယ်လို ကုလသမဂ္ဂ ကိုယ်စားလှယ်ကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ မင်းအောင်လှိင် နောက်ဆုံးမှာ ယာယီ သမ္မတရာထူး ရယူ

Must read

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ မဲစာရင်းမှားယွင်းမှုကြောင့် အာဏာထိန်းတယ်ဆိုတဲ့ စကားကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက တွင်တွင်ကျယ်ကျယ် ပြောခဲ့ပေမယ့်လည်း အာဏာသိမ်းမှု ၃ နှစ်ခွဲလာချိန်မှာတော့ ယာယီသမ္မတရာထူးနဲ့တာဝန်တွေကို ရယူလိုက်ပါတယ်။

အရင်ကတည်းက သမ္မတရူးရူးနေတဲ့ မင်းအောင်လှိင်ဟာ ဇူလိုင်လ ၂၂ ရက်နေ့မှာ ဘယ်သူမှ ရွေးကောက်တင်မြှောက်တာမရှိဘဲ သူ့ကိုယ်သူ ယာယီသမ္မတရာထူးတာဝန်ကို လွှပြောင်းရယူတာပါ။ သူ ယာယီသမ္မတရာထူး လွှပြောင်းရယူမှုက ဖွဲစည်းပုံ အခြေခံဥပဒေမှာလည်း ပြဋ္ဌာန်းချက်မရှိသလို သူ့ကိုယ်သူ သမ္မတရာထူး ပြန်လည် အပ်နှင်းခြင်းလည်းဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတရာထူးတာဝန်ကို နောက်ထပ် ၁၀ နှစ်အထိ လုပ်ဖိုရှိနေတယ်ဆိုတာ နိုင်ငံတကာကို သူကိုယ်တိုင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

၂၀၀၈ အခြေခံဥပဒေ ပါ ပုဒ်မတွေအရ အကြမ်းဖက်စစ်ကောင်စီက ရွေး ကောက်ပွဲကျင်းပကာ နိုင်တဲ့သူကို အာဏာလွှပေးမယ်လို အဓိပ္ပာယ်မဲ့စကားတွေ မင်းအောင်လှိင် ပြောနေပေမယ့်လည်းအခြားတစ်ဘက်မှာ သူ့အနေနဲ့ အခြေခံဥပဒေအရ သမ္မသက်တမ်း ၂ ကြိမ် စုစု ပေါင်း ၁၀ နှစ် လုပ်လိုရတယ်ဆိုတဲ့ ပြောဆိုချက်မျိုးတွေကို ၂၀၂၂ ခုနှစ် ဩဂုတ် ၁၇ ရက်နေ့မှာပဲ ထုတ်ပြန်ပြောဆိုခဲ့ဖူးပါတယ်။

အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိင်က ဥပဒေကြောင်းအရ မြန်မာ နိုင်ငံသမ္မတအဖြစ် ၂ ကြိမ်ဆက်တိုက် ၁၀ နှစ်ကာလ အဖြစ် တာဝန်ယူ ဆောင် ရွက်နိုင်တယ်လို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Heyzerကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အကြမ်းဖက် မင်းအောင်လှိင်က လက်ရှိ သူ့အနေနဲ့ နိုင်ငံကို မည်ကဲ့သို တိုးတက်ကောင်းမွန်အောင် ဆောင် ရွက်မယ် ဆိုသည့်စိတ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ရေရှည်ဖွံဖြိုးတိုးတက်ပြီး ချမ်းသာကြွယ်၀သည့်နိုင်ငံဖြစ်လာရန် လာမယ့် ကာလမှာ အထွေ ထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်၍ တာဝန်ထမ်းဆောင်မယ့် အစိုးရ အဖွဲ က ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ မြန်မာနိုင်ငံတော်သမ္မတအဖြစ် ၂ ကြိမ်ဆက်တိုက် ၁၀ နှစ်တာကာလ အဖြစ် တာဝန်ယူ ဆောင်ရွက်နိုင်ကြောင်း၊ မင်းအောင်လှိင်က ထုတ်ဖော်ပြောဆိုခဲ့တာပါ။

အကြမ်းဖက်စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ မင်းအောင်လှိင်က သူကိုယ်တိုင် သမ္မတလုပ်မယ့် သဘော ပုံစံမျိုးတွေ လုံး ထွေး ပြောဆိုခဲ့တာဖြစ်တဲ့အပြင် ၂၀၀၈ အခြေခံ ဥပဒေအရ သမ္မတရာထူးဟာ ၅ နှစ် ၂ ကြိမ် စုစုပေါင်း ၁၀ နှစ် တာဝန်ထမ်းဆောင်နိုင်တယ်လို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Heyzerကို ပြောဆိုခဲ့တာပါ။

အကြမ်းဖက် စစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်မီ သတင်း စာရှင်းလင်းပွဲ လုပ်ပြီး စစ်တပ်အနေနဲ့ “အာဏာ မသိမ်းဘူးလို မှတ်ယူလို မရဘူး” ဆိုတဲ့ အဓိပ္ပာယ်မျိုးစုံထွက်တဲ့ စကားတွေ ပြောပြီး အာဏာကို တကယ် လက်တွေ့ သိမ်းယူခဲ့ပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ သူအာဏာရရှိရေးအတွက် လူထု ရွေးကောက်ခံ အစိုးရဆီက အာဏာသိမ်းယူပြီး ပြည်သူထောင်ချီ သတ်ဖြတ် ၊ သောင်းချီ ထောင်သွင်းအကျဉ်းချကာ တစ်နိုင်ငံလုံးကို ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်ဆောင်နေတယ်ဆိုတာ သူ့လုပ်ရပ်နဲ့ အပြုအမူတွေက အချိန်ကြာလာတာနဲ့အမျှ ထင်ရှားပေါ်လွင် လာနေတာလည်းဖြစ်ပါတယ်။

“သူ မလုပ်ရဲတာ မရှိဘူး” လို ပြောဆိုခဲ့တဲ့ မင်းအောင်လှိင်က သူ့အာဏာ အတွက် အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံ တကာကို လည်း ဂရုမစိုက်တဲ့အပြင် နောက်ထပ် မတရား ဖမ်းဆီး သတ်ဖြတ်ညှဉ်းပန်းနှိပ်စက်မှုတွေ ဆက်လက် လုပ် ဆောင်မယ့် သဘောထားတွေကိုလည်း ဆက်လက် ပြသနေတာဖြစ်ပါတယ် ။

မင်းအောင်လှိင်ဟာ သမ္မတရူး အိပ်မက်ကို အကောင်အထည်ဖော်ပြီး သမ္မတ မင်းအောင်လှိင်ဆိုတဲ့ အရှက်မရှိ သိက္ခာမဲ့စွာ ပြည်သူတွေကို ဆက်လက်ဒုက္ခပေး၊ နိုင်ငံကို ရေတိမ်နစ်အောင် ဆက်လက်လုပ်ဆောင်မှာကတော့ အသေအချာဖြစ်ပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article