33 C
Yangon

ရွှေဘို၊ အုန်းပေါက်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး

Must read

ရန်ကုန်၊ ဇူလိုင် ၂၃

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အုန်းပေါက်ရွာကို အကြမ်းဖက်စစ်သားများ ဝင်ရောက်တပ်စွဲ၍ ဘေးပတ်ဝန်းကျင်ကျေးရွာကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် မောင်းတက်ရွာမှ အမျိုးသမီး ၁ ဦး လက်နက်ကြီး ထိမှန်သေဆုံးသွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ ဇူလိုင် ၂၃ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏ ရွှေဘိုအမှတ် ၈ လေ့ကျင့်ရေးတပ် မှ ခြေလျင်ထွက်လာသည့် အကြမ်းဖက်စစ်သား ၃၀ ကျော်နှင့် ကျောက်မြောင်း ခလရ ၁၂ မှ ကား ၃စီးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သား ၃၀ ကျော်စုစုပေါင်း အင်အား ၅၀ သည် အုန်းပေါက်ရွာသို့ ရောက်ရှိလာကြောင်း၊ ယင်းနောက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ပစ်ခတ်ရာ ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ် အဆောက်အအုံများလည်း ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခုက ရွှေဘိုမြို့နယ်၊ကျောက်မြောင်းမြို့ကို တော်လှန်ရေးတပ်တွေက သိမ်းမှာကို စစ်တပ်က ကြောက်နေတာ ။ မနေ့ နေ့ခင်းပိုင်း ခလရ ၁၂ ထဲကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ဗုံးကျဲချတာ။ စကစက လက်နက်ကြီးနဲ့ ပြန်ပြီးရမ်းသမ်းပစ်နေတယ်။ ကျောက်မြောင်းမှာလည်း ပြည်သူတွေ မနေရဲ တိမ်းရှောင်ကုန်ကြပြီ’ ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

တော်လှန်ရေးအဖွဲ့များက စဉ့်ကူးမြို့ကို သိမ်းပိုက်ရပြီးသည့်နောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီဝင်များသည် ကျောက်မြောင်းမြို့ကို ထပ်မံ သိမ်းပိုက်ခံရမည်ကို စိုးရိမ်၍ စစ်ကြောင်းထိုးခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းတွင် စစ်တပ်က ကျေးရွာများကို မီးတင်ရှို့ နေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကိုင်းတိုင်းတွင် စစ်တပ်က ကျေးရွာများကို မီးတင်ရှို့ နေစဉ်။
- Advertisement -spot_img

More articles

1 COMMENT

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article