ရန်ကုန်၊ ဇူလိုင် ၂၃
အကျဉ်းထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသူများအဖွဲ့ ပူးပေါင်း၍ ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့တွင် ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို စစ်တပ်မှ မတရားကြိုးပေးသတ်ဖြတ်ခြင်းခံခဲ့ရခြင်း ၂ နှစ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
နွေဦးတော်လှန်ရေးအတွက် အသက်စတေးခဲ့ရသည့် အာဇာနည်များကို အောက်မေ့ခြင်း အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသူများအဖွဲ့တို့ ပူးပေါင်းလှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပြီး စစ်တပ်က မည်ကဲ့သို့ ဖိနှိပ်မှုမျိုးပင်ရှိနေပါစေ နွေဦးတော်လှန်ရေးအတွက် နိုင်ငံရေးအကျဉ်းသူ/သားများအားလုံးသည် တရားသော တိုက်ပွဲအတွက် ရသည့် နည်းလမ်းများဖြင့် ပါဝင်လျက်ရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar