ရန်ကုန်၊ ဇူလိုင် ၂၃
စစ်ိကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၃ ဦး သေဆုံး ကာ စစ်တပ်က မြသိန်းတန်ဘုရားမြောက်ဘက်ရှိ ရှားရောင်းရွာကို ဝင်ရောက်မီးရှို့နေကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်း မင်းကွန်းရဲစခန်းမှ စစ်သား၊ ရဲ၊ ပျူစောထီးအင်အား ၁၀၀ ကျော် ဖြင့် စစ်ကြောင်းထိုးလာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်ဘက်မှ နယ်ထိန်းရဲအရာရှိတစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ထို သို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်သား၊ ရဲ ၊ ပျူ စောထီးများက မြသိန်းတန်ဘုရားမြောက် ဘက်ရှိ ရှားရောင်းကျေးရွာကို ဝင်ရောက်မီးရှို့နေကြောင်း သိရသည်။
“ရဲနဲ့ ပျူတွေက မနက်ခင်း ကင်းပတ်ထွက်ရင်း PDF ကားမြင်ပြီး လိုက်ပစ်တာ၊ PDF တွေက လက် ဦးမှု ရယူပြီး ပြန်ပစ်တာမှာ ရဲအကြီးပိုင်းတစ်ယောက်နဲ့ ပျူနှစ်ယောက်သေတယ်၊ ဒဏ်ရာရတာတွေလည်းများ တယ်၊ အဲဒါဖြစ်ပြီးတော့ စစ်ခွေး၊ ရဲခွေး၊ ပျူခွေးတွေက မြသိန်းတန်ဘုရားမြောက်ဘက်က ရှားရောင်းရွာကို ဝင် ပြီးမီးရှို့နေတာ၊ အခုထိရှို့နေတုန်းပဲ၊ ရွာထဲဝင်မရသေးဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများက ရှားရောင်းကျေးရွာအတွင်း ဝင်ရောက်မီးရှို့နေစဉ် စစ်ကောင်စီလေတပ်မှ ရဟတ်ယာဉ်ဖြင့် ဝေဟင်မှ ပစ်ခတ် နေကြောင်း၊ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများက ရှားရောင်းရွာကို မီးရှို့နေရာတွင် သမိုင်းဝင် မြသိန်းတန် ဘုရားပါ မီးအနည်းငယ်ကူးစက်လောင်ကျွမ်းမှုရှိကြောင်း၊ မင်းကွန်းဘက်မှ မီးတောက်များကို မန္တလေးတောင်ဘက်မှပင် လှမ်းမြင်နေရကြောင်း သိရသည်။
“ပြည်သူတွေထိခိုက်မိတာမျိုးတော့ မကြားမိသေးဘူး။ ပြည်သူတွေက အစောကတည်းက မီးရှို့မယ် အသံကြားလို့ ကြိုရှောင်နေကြရတာ၊ သမိုင်းဝင်မြသိန်းတန်ဘုရားလည်း မီးအနည်းငယ်ကူးပြီး ပျက်စီးတယ်၊ လေ ယာဉ်တွေလည်း ဝဲနေတယ်။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


