25 C
Yangon

လားရှိုးအခြေစိုက် စစ်ကောင်စီတပ်ရင်းများကို မြောက်ပိုင်းမဟာမိတ်တပ်များက ဆက်လက် တိုက်ခိုက်နေပြီး တပ်ရင်းတချို့ကို အပြီးသတ် သိမ်းပိုက်ပြီးဟုဆို

Must read

ရန်ကုန်၊ ဇူလိုင် ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် စစ်ကောင်စီတပ်ရင်းများကို တစ်ခုပြီး တစ်ခု တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ လက်ရှိတွင် တပ်ရင်း ၂ ခု ထက်မနည်းကို သိမ်းပိုက်နိုင်ခဲ့ပြီဟု သိရှိထားကြောင်း MNDAA ၏ ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့တွင် ခလရ ၆၈ ၊ ခလရ ၄၁ နှင့် ခမရ ၅၀၇ တို့ကို မဟာမိတ်တပ်များကတိုက်ခိုက်ခဲ့ကြောင်း၊ တပ်ရင်းတချို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်ရှိတွင် ရှေ့တန်း စစ်ရေး အခြေအနေမှာ ရှုပ်ထွေးပြီး စစ်ရေးတင်းမာမှုများ မြင့်တက် နေကြောင်း၊ လားရှိုးအတွင်းသို့ မြောက်ပိုင်းမဟာမိတ်တပ်များက စစ်ကြောင်းကြီးများခွဲ၍ ဆက်တိုက် ဝင်ရောက်နေကြောင်း MNDAA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

“ခလရ ၆၈ ၊ ခလရ ၄၁ ၊ ခမရ ၅၀၇ တို့ကို ကျနော်သိသလောက်တော့ သိမ်း ပိုက် ပြီးပြီလို့ သိရပါတယ်။ သိမ်းတဲ့ မဟာမိတ်စစ်ကြောင်းတွေက တစ်ခုနဲ့ တစ်ခုမတူသလို လားရှိုးထဲကို ထပ်ပြီး ဝင်နေတဲ့ စစ်ကြောင်းတွေကလည်း မတူညီဘူး။ နောက်တစ်ခါ သိမ်းလိုက်တဲ့အချိန်မှာ ဟိုဘက်က စစ်ကူတွေ အလုံး အရင်း ပြန်ဝင်လာရင်၊ လေယာဉ်နဲ့ ဗုံးလာကျဲရင် ပြန်ဆုတ်ရတယ်။ ဒီဘက်စစ်ကြောင်းက စစ်တပ်စခန်းသိမ်းနေတာကို ဟိုဘက်စစ်ကြောင်းက မသိတာမျိုးတွေလည်းရှိတယ်။ ဆက်သွယ်ရေး ဖုန်း လိုင်းတွေလည်း မရဘူး။ သိမ်းတယ်၊ မသိမ်းဘူးဖြစ်နေတာ အဲဒီပြဿနာပါ။ ရှေ့တန်းမှာလည်း စစ်ရေးအခြေအနေက ရှုပ် ထွေးတဲ့အပြင် စစ်ရေးတင်းမာမှုက အမြင့်ဆုံးရောက်နေပါတယ်။ မဟာမိတ်တပ်တွေဘက်မှာလည်း အထိအခိုက် တွေရှိတယ်” ဟု MNDAA သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ အထက်မန်အိုင်ရှိ ခမရ ၅၀၇ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် စစ်သားအလောင်းများ၊ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများရရှိကြောင်း၊ အသေးစိတ်ကို သက်ဆိုင်ရာ ထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း လားရှိုးတွင် လက်နက်ကြီးပစ်ခတ်သံများ၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်သံများကြားနေရကြောင်း၊ ရပ်ကွက် ၁၊ ရပ်ကွက် ၄ ၊ ရပ်ကွက် ၇ ဘက်တို့တွင် ပစ်ခတ်သံများကြားရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ – MNDAA တပ်ဖွဲ့ဝင်များကို လက်နက်တပ်ဆင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

MNDAA တပ်ဖွဲ့ဝင်များကို လက်နက်တပ်ဆင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article