26 C
Yangon

စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း လောက်ကိုင်မြို့ကို တတိယအကြိမ်မြောက် လေယာဉ်ဖြင့် ဗုံးကျဲမှု အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ

Must read

စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း လောက်ကိုင်မြို့ကို တတိယအကြိမ်မြောက် လေယာဉ်ဖြင့် ဗုံးကျဲမှု အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ

■ လောက်ကိုင်မြို့ကို စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှု ၃ ကြိမ်တွင် ပြည်သူ ၃ ဦးသေဆုံးခဲ့

ရန်ကုန်၊ ဇူလိုင် ၂၄

အကြမ်းဖက်စစ်ကောင်စီက ယနေ့နံနက်ပိုင်း လောက်ကိုင်မြို့ကို တတိယအကြိမ် မြောက် လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၄၅ မိနစ်မှ ၄ နာရီ ၄၅ မိနစ်အတွင်း စစ်ကောင်စီက တတိယအကြိမ်အဖြစ် လောက်ကိုင်မြို့ကို ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ တိုက်လေယာဉ်နှစ်စင်းသည် ကျင့်ရှမ်းချိန်(Jin xiang cheng)ဒေသ မူလ ၃၁၁ ရင်ပြင်အနီးရှိ လူနေရပ်ကွက်များတွင် ဗုံး ၄ လုံး ကျဲချခဲ့ကြောင်း ၊ ထိုသို့ ဗုံးကျဲမှုကြောင့် ဟိုတယ်များနှင့် အခြားအဆောက်အဦအများအပြား ပျက်စီးခဲ့ပြီး အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်က လောက် ကိုင်မြို့ကို ပထမဆုံးအကြိမ်အဖြစ် ဗုံးကျဲခဲ့ပြီး အရပ်သား ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၀၀ နာရီ ၁၈ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီ ၏ တိုက်လေယာဉ်များက လောက်ကိုင်မြို့၊ စျေးဟောင်းနေရာသို့ ဒုတိယအကြိမ်အဖြစ် ဗုံး ကျဲချခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲချသဖြင့် Lucky ဟိုတယ်တွင် အစောင့်အဖြစ် နေထိုင်သော ဝန်ထမ်း ၂ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူ ၂ ဦးမှာ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦးဖြစ်ကြောင်း၊ အခြားသော ဝန်ထမ်း ၁ ဦးမှာလည်း အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article