27 C
Yangon

နတ်မောက်မြို့နယ်၊ ရွာမွန်လမ်းဆုံတွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ နေ့စဉ် လုပ်ဆောင်နေပြီး သက်ကြီးပိုင်း အမျိုးသား များကိုပါ ဖမ်းဆီးနေ

Must read

ရန်ကုန်၊ ဇူလိုင် ၂၅

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာမွန်လမ်းဆုံတွင် စစ်တပ်ကပေါ်တာဆွဲမှုများ နေ့စဉ် လုပ်ဆောင်နေပြီး သက်ကြီးပိုင်း အမျိုးသားများကိုပါ ဖမ်းဆီးနေကြောင်း ပေါ်တာဆွဲ ဖမ်းဆီးခံရသည့် လူငယ်များ၏ မိဘဆွေမျိုးများနှင့် မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နတ်မောက်မြို့နယ်၊ ရွာမွန်ကျေးရွာတွင် စစ်ကောင်စီတပ်ရင်းတစ်ခုရှိနေပြီး အဆိုပါ စစ်တပ်မှ စစ်သားများက ရွာမွန်လမ်းဆုံတွင် အခြေပြု၍ လည်းကောင်း၊ ကျေးရွာများအတွင်းသို့ အရပ်ဝတ်များ၊ အိမ်စီးကားများဖြင့် ဝင်ရောက်၍ လည်းကောင်း လူငယ်များ၊ သက်ကြီးပိုင်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပေါ်တာဆွဲတာက လူငယ်တွေတင်မဟုတ်ဘူး။ အသက် ၄၀ ကျော်၊ အသက် ၅၀ တွေပါ ဖမ်းနေတာ။ အခုဆိုရင် ရွာတွေမှာ ရှိတဲ့ အသက် ၄၀ ကျော်၊ အသက် ၅၀ ကျော် အမျိုးသားတွေတောင် အပြင်မထွက်ရဲကြပါဘူး။ ပေါ်တာဆွဲရင်လည်း အရပ်ကား အန်စာတုံး ကားတွေကို အဓိက သုံးတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးမှုများကို နတ်မောက်မြို့နယ်၊ ညောင်အိုင်၊ ကျားထူး ၊ဘော်အိုင်၊ ပိတ်ချင်းတော၊ ဝါပန်၊ စန်းကံ၊ သရင်းတော၊ မဲခင်းချောင်း ၊ ပန်းတော်ကျင်း၊ ပင်းမြို့ဟောင်း ၊လက်ခုပ်ပင် ၊ စရံအိုင်၊ ရွှေပန်းတော့၊ ဒတ်နလွန်ပင်၊ ပေါက်ကန် ၊ကျောက်ခွက်၊ ထန်းပင်ကုန်း၊ ဖက်တော၊ ကန်စွယ်၊ မြောက်ပန်းတော်ကျင်း ကျေးရွာများတွင် စစ်ကောင်စီတပ်က လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“နတ်မောက် နဲ့ ကျောက်ပန်းတောင်း မိတ္ထီလာ ၃ မြို့ကိုချိတ်ဆက်ထားတဲ့ ကားလမ်း မတစ်လျှောက်က ရွာတွေမှာ ပေါ်တာဆွဲဖမ်းဆီးနေတာ။ တောသူတောင်သား ရိုးအ ကြသူတွေပါ။ မည်းမည်း မြင်ရာ ကြောက်တတ်ကြသူတွေ ဖြစ်လို့ စစ်တပ်က လမ်းမှာ တွေ့ရာလူကို ကားပေါ်ခေါ်တင်ဖမ်းတယ်။ စစ်သားအဖြစ် စုဆောင်းမရတော့တဲ့ အသက်ကျော်နေသူတွေကို ငွေ နဲ့လိုက်ရွေးခိုင်းတယ်” ဟု ဖမ်းဆီးရသူတစ်ဦး၏ မိတ်ဆွေတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဧပြီလမှစတင်ပြီး စစ်မှုထမ်းသင်တန်း အပတ် စဉ်များအတွက် လူငယ်များကို နိုင်ငံတစ်ဝန်းတွင် အရှိန်အဟုန်မြှင့် ဖမ်းဆီးကာ တပ်သားသစ် များ စုဆောင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီတပ်၏ အတင်းအဓမ္မ စစ်သားစုဆောင်းခံရသည့် လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီတပ်၏ အတင်းအဓမ္မ စစ်သားစုဆောင်းခံရသည့် လူငယ်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article