25 C
Yangon

မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ အတွဲလိုက်ပစ်ဒုံးလက်နက်၊ ၁၂၀ မမ အမြောက်များ အပါအဝင် လက်နက်မျိုးစုံ ၂၀၀ ကျော်ရရှိပြီး စစ်သုံ့ပန်း ၃၀ ကျော် ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၂၅

မန္တလေးတိုင်း၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ အတွဲလိုက်ပစ်ဒုံး လက်နက် အပါအဝင် လက်နက်မျိုးစုံ ၂၀၀ ကျော်ရရှိပြီး စစ်သုံ့ပန်း ၃၀ ကျော် ဖမ်းဆီးရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။

မိုးကုတ်မြို့သိမ်း တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ ၇၃ လက်၊ ၁၂၀ မမ ၂ လက်၊ ၆၀ မမ ၁၁ လက်၊ ၈၁ မမ ၁ လက်၊ ငဂျင်းမီး ၃ လက်၊ ပွိုင့်ဖိုက် ၁ လက်၊ RPG ၂ လက်၊ ဂျမ်းပါ ၁ စုံ၊ အတွဲလိုက်ဒုံး ၄လုံးတွဲပစ်အမြောက် ၁ လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများ အပါ အဝင် လက်နက်မျိုးစုံ ၂၀၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်သုံးပန့် ၃၀ ကျော်ကို ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

မိုးကုတ်မြိုနယ်ရှိ စစ်ကောင်စီ လပခ၊ ခလရ ၇၈၊ ၈၈၊ ၁၄၈ ဗျူဟာမှူးကြီးအခြေ ချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဇူလိုင် ၂၄ ရက်နေ့ ညနေ ၅ နာရီ အချိန် တအာင်းတပ်မတော် PSLF/TNLA က အလုံးစုံ ဝင်ရောက်ရှင်း လင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

မိုးကုတ်မြိုနယ်ရှိ တပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အဖြစ် ဇွန်လ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး၊ သီတင်းပတ် ၄ ပတ်ကြာ ဇူလိုင် ၂၄ ရက်နေ့ တွင် စစ်ကောင်စီတပ်စခန်းများအားလုံးကို ရှင်းလင်းချေမှုန်းသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

မိုးကုတ်အနောက်ပိုင်းရှိ စစ်ကောင်စီတပ်စန်းများဖြစ်ကြသည့် ရွှေမျက်၀န်း၊ အေးစေတီးကုန်း၊ အာကာမိုး၊ ဒေါ်နန်းကြည်တောင်၊ ဗျူဟာကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်း တပ်စခန်းများကို ဇွန်လ ၃၀ ရက်နေ့တွင် ရှင်းလင်းသိမ်းပိုက်ခဲ့ကြောင်း၊ ထို့နောက် မိုးကုတ်အရှေ့ပိုင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင် မန်တိုင် ၅ တပ်၊ ငရမ်းအင်စခန်း၊ ရေကန်တောင်စခန်း၊ တာ၀ါတိုင်စခန်း၊ ပတ္တမြားစေတီစခန်း၊ ပန်းမထိပ်ရွာ၊ အကျဉ်းထောင်နှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ မိုးကုတ်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲတိုမှ တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် မိုးကုတ်ဒေသခံ ကျား ၁၄ ဦး၊ မ ၈ ဦး၊ ကလေး ၉ ဦး သေဆုံးခဲ့ပြီး၊ ၅၉ ဦီး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း ၄ ကျောင်း လေယာဥ်ဗုံးစ ထိမှန်ပျက်ဆီးခြင်း နှင့် လူနေအိမ် ၂၉ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article