26 C
Yangon

သပိတ်ကျင်းမြို့နယ်၊ တွင်းငယ် ရဲစခန်းကို KIA ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်၊ လက်နက်ခဲယမ်းများနှင့် ကားများသိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၂၅

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ် ရဲစခန်းကို KIA ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းများနှင့် ကားများသိမ်းဆည်းရရှိခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရဲစခန်းကို KIA ၊ KPDF နှင့်ABSDF ပူးပေါင်း တပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ ၁၁ နာရီ ၂၀ မိနစ်မှာ သပိတ်ကျင်းမြို့နယ် တွင်းငယ်ရဲစခန်းကို KIA+KPDF+ABSDF ပူးပေါင်းတပ်ဖွဲ့တွေ အပြီးသတ် သိမ်းပိုက်လိုက်ပြီး လက်နက်တွေလည်း ရတယ်။ ကားတွေလည်း သိမ်းဆည်းရမိတယ်” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article