24.9 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၂၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • လားရှိုးမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကြီးကို MNDAA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဒီကနေ့ မနက်ပိုင်းမှာပဲ သိမ်းပိုက်ပြီးတဲ့နောက် လားရှိုးမြို့ အုပ်ချုပ်ရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်ပြီး မြို့အုပ်ချုပ်ရေး နဲ့ ပြန်လည် တည်ဆောက်ရေးကို ဆောင်ရွက်သွားမယ်လို့ MNDAA က တရားဝင် ကြေညာလိုက်ပါတယ်။
  • လားရှိုးမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကြီးကို MNDAA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီးတဲ့နောက်မှာပဲ လက်ကျက်စခန်းငယ်တွေကိုက ရှင်း လင်းဖို့နဲ့ မြို့ထဲမှာ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံဖမ်းဆီးဖို့ ကျန်နေ သေး တယ်လို့ ၁၀၂၇ ဒုတိယလှိုင်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်နေတဲ့ BPLA တပ်ဖွဲ့ရဲ့ ခေါင်းဆောင် မောင်ဆောင်းခ က လူမှုကွန်ယက်ကတဆင့် ထုတ်ပြန်ပြောဆိုထားပါတယ်။
  • ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ အတွဲလိုက်ပစ်တဲ့ ဒုံးလက်နက် နဲ့ ၁၂၀ မမ အမြောက်တွေ အပါအဝင် လက်နက်မျိုးစုံ ၂၀၀ ကျော် နဲ့ ခဲယမ်းတွေကို သေတ္တာလိုက် သိမ်းဆည်းရရှိထားတဲ့အပြင် စစ်သုံ့ပန်း အယောက် ၃၀ ကျော်ပါ ဖမ်းဆီးရရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article