25 C
Yangon

နောင်ချိုနှင့် မိုးမိတ် တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က အင်အား ဖြည့်တင်းနေ၊ မိုးမိတ်မြို့ ဗျူဟာကုန်းကိုလည်း စစ်တပ်က လေယာဉ်ဖြင့် လက်နက်ခဲယမ်းများ ကျဲချ

Must read

နောင်ချိုနှင့် မိုးမိတ် တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က အင်အား ဖြည့်တင်းနေ၊ မိုးမိတ်မြို့ ဗျူဟာကုန်းကိုလည်း စစ်တပ်က လေယာဉ်ဖြင့် လက်နက်ခဲယမ်းများ ကျဲချ

ရန်ကုန်၊ ဇူလိုင် ၂၅

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နှင့် မိုးမိတ်မြို့တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း TNLA က ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်တွင် နောင်ချိုမြို့၊ ရေဖြူရွာတွင် စစ်အင်အားဖြည့်တင်းလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အလားတူ မိုးမိတ်မြို့တွင် ယနေ့ ညနေ ၅ နာရီ ၁၆ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ လက်ကျန် တပ်စခန်းတစ်ခုဖြစ်သော မိုးမိတ် ဗျူဟာကုန်ုးကို တအာင်းတပ်မတော် TNLA က တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မိုးမိတ်မြို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ ကျန်ရှိနေသော ဗျူဟာကုန်းအတွင်းကို စစ်ကောင်စီတပ်က Y12 ဖြင့် လက်နက်ခဲယမ်းများ ၁ ကြိမ် လာရောက်ကျဲချခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article