25 C
Yangon

မိုးကုတ်နှင့်လားရှိုး မကျသေးဟု အကြမ်းဖက် စစ်ကောင်စီ၏ သတင်းမှန်ကြားရေးက ဖင်ပိတ် ငြင်းပြန်၊ သို့သော် ဇော်မင်းထွန်း ထွက်မရှင်းရဲဘဲ သူ့ကိုယ်စား အကြမ်းဖက် ဗိုလ်မှူး ဇော်မင်းဆိုသူ ထွက်ရှင်း

Must read

မိုးကုတ်နှင့်လားရှိုး မကျသေးဟု အကြမ်းဖက် စစ်ကောင်စီ၏ သတင်းမှန်ကြားရေးက ဖင်ပိတ် ငြင်းပြန်၊ သို့သော် ဇော်မင်းထွန်း ထွက်မရှင်းရဲဘဲ သူ့ကိုယ်စား အကြမ်းဖက် ဗိုလ်မှူး ဇော်မင်းဆိုသူ ထွက်ရှင်း

■ လားရှိုးမြို့အနီး စစ်စခန်းများ ဆုတ်ခွာရပြီး မိုးကုတ်မှ စစ်စခန်းများ ပြန် လည် ပေါင်းစည်းရမှုသာရှိကာ မြို့ ၂ ခုစလုံး မကျဟု ဗြောင်လိမ်

ရန်ကုန်၊ ဇူလိုင် ၂၅

မိုးကုတ်နှင့်လားရှိုးမြို့ မကျသေးကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ သတင်း မှန်ကြားရေးက ဖင်ပိတ် ငြင်းပြန်လိုက်ပြီး ပုံမှန် ဖင်ပိတ်ငြင်းနေသော အကြမ်းဖက် ဇော်မင်းထွန်း ထွက်မရှင်းရဲဘဲ သူ့ကိုယ်စား အကြမ်းဖက် ဗိုလ်မှူး ဇော်မင်းဆိုသူက စကားမပီမသဖြင့် ထွက်ရှင်းသည်။

မိုးကုတ်တွင် စစ်ရေးအခြေအနေအရ စစ်တပ်က လုံခြုံရေးစခန်းများကို ပေါင်းစည်းမှုများ လုပ်ဆောင်ကြောင်း၊ မိုးကုတ်တွင် ပြည်သူများ TNLA အပါအဝင် တော်လှန်ရေးတပ်များကို သောင်းသောင်းဖျဖျ ကြိုဆိုမှုမှာလည်းအ စစ်အမှန်မဟုတ်ဘဲ ဝါဒဖြန့်နိုင်ရန် လုပ်ကြံရိုက်ကူးထားခြင်းဖြစ်ကြောင်း၊ ကြိုဆိုသူများ သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့များ၏ မိသားစုဝင်များနှင့် သစ္စာမဲ့ CDM ဝန်ထမ်းများ စုစည်းပြီး ဝါဒဖြန့် လုပ်ကြံ ရိုက်ကူးခြင်းဖြစ်ကြောင်း အကြမ်းဖက် ဇော်မင်းက ပြောဆိုသည်။

လားရှို့မြို့ ကျသွားသည်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချသည်ဆိုမှာ မဟုတ်မှန်ကြောင်း၊ လားရှိုးမြို့ကို ဆက်လက် တိုက်ခိုက်ရာတွင်စိတ်ဓာတ်စစ်ဆင်ရေးအတွက် ကုန်းညောင်ရွာအနီးရှိ လေ့ကျင့်ရေးတပ်ကို တိုက်ခိုက်သည့်နေရာတွင် ဖမ်းဆီးရရှိသည့် စစ်ပညာကို လုံလုံလောက်လောက် သင်ကြားရရှိမှု မရှိသေးသည့် သင်တန်းသားများကို နည်းပြအချို့ကို အသုံးချကာ လက်နက်ချသည့်ပုံစံ ဝါဒဖြန့်နေကြောင်း၊ လားရှိုးမြို့အနီးဝန်းကျင်က စစ်စခန်းများကို စွန့်လွှတ်စွန့်ခွာ ထားရသော်လည်း MNDAA အဆင့်ဆင့် ခံစစ်ဆင် ချေမှုန်းလျက်ရှိကြောင်း၊ လားရှိုးမြို့ကို အမြန်ဆုံး ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေကြောင်း စစ်ကောင်စီက ဖင်ပိတ်ငြင်းဆိုသွားသည်။

မိုးကုတ်မြို့နယ်တစ်ခုလုံးကို ဇူလိုင်လ ၂၄ ရက်နေ့တွင် TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက လည်းကောင်း၊ လားရှိုးမြို့နယ်ကို ဇူလိုင်လ ၂၅ ရက်နေ့ MNDAA ဦးဆောင်သော တော်လှန်ရေးတပ်များက လည်းကောင်း အသီးသီး သိမ်းပိုက်ရရှိသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် ဇော်မင်းထွန်းကိုယ်စား အကြမ်းဖက် ဇော်မင်းဆိုသူ ထွက်ရှင်းနေစဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article