32.3 C
Yangon

ဆီမီးခုံမြို့တွင် ၄၀ မမ သေနတ်ကိုင်ဆောင်ထားသော စစ်သား တစ်ဦးကို တော် လှန်ရေးရဲဘော်များက ဝင်ရောက်လုံးထွေး ထိုးကြိတ်ပြီး လက်နက်လုယူနိုင်၊ ပစ်ခတ်မှုကြောင့် စစ်သားသေဆုံးသွား

Must read

ရန်ကုန်၊ ဇူလိုင် ၂၆

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့ပေါ်တွင် ၄၀ မမ အောက်တွဲလောင်ချာသေနတ်ကိုင်ဆောင် ပြီး သောင်းကျန်းနေသောအကြမ်းဖက်စစ်သားတစ်ဦးကို တော်လှန်ရေးရဲဘော်များက လုံးထွေး ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်ကာ ၄၀ မမ သေနတ်ကို လုယူရရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်ခန့်အချိန် ဆီးမီးခုံမြို့၊ ဝါးထောင်ဘုန်းကြီး ကျောင်းအနီးတွင် ၄၀ မမ အောက်တွဲ လောင်ချာ သေနတ်တစ်လက်ကိုင်ဆောင်ပြီး သွားလာသောင်းကျန်းနေသော အကြမ်းဖက်စစ်သား အင်္ဂုလိ ဆိုသူကို တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦးက ဝင်ရောက်လုံးထွေး သတ်ပုတ်ပစ် ခတ်သတ်ပြီး ၎င်းကိုင်ဆောင်သော ၄၀ မမ ထောက်တွဲလောင်ချာနှင့်အတူ ခဲယမ်း များ သိမ်း ဆည်းရရှိကာ ဘေးအန္တရာယ်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“သူက ဖိုးဝှီးကားနဲ့ အမြဲတမ်းဈေးလာတယ်၊ ကွမ်းဝင် ဝင်တယ်၊ သူ့ကွမ်း ဝင် ယူတဲ့အချိန်မှာ အမြဲ တမ်း ၄၀ မမ အတွဲကြီးကိုင်ထားတာ။ အဲလို ၄၀ မမ အတွဲကြီးတွေကိုင်ထားတော့ သူ့ကို အကုန်ကြောက်နေ ကြတာ၊ အဲဒါကြောင့် ကျနော်တို့လည်း အင်္ဂုလိ ဆိုတဲ့ကောင်ကို ရအောင် လုပ်မယ်ဆိုပြီး ၁၇ ရက်နေ့မှာ သွားချောင်းတယ်။ ဒါပေမယ့် အင်အား အရမ်းများနေတော့ ကျောချင်းပေးပြီး ရှောင်ခဲ့တယ်။ တို့ မှာက အဲဒီလို လက်နက်လည်း မရှိဘူး။ သူ့ဆီက လက်နက် လိုချင်တယ်ဆိုပြီးတော့ ဇူလိုင်လ ၁၈ ရက်နေ့မှာ အရဲစွန့်ပြီး ထပ်လာ ချောင်းတာ။ အဲဒီစစ်သားက ဖိုးဝှီးကားနဲ့ ကွမ်း အယူမှာ ကျနော်တို့က သေနတ်နဲ့ပစ်တယ်။ ပစ်တဲ့အခါမှာ ထိရောက်မှုအားပျော့တော့ သူက ပြန်ပစ်မလို့လုပ်တာပေါ့၊ အဲလိုလုပ်တဲ့အချိန် ခေါင်းကိုဆွဲပြီး နပန်းဝင်လုံးတာ။ ၄ ယောက်ဝင်လုံးပြီး ပထမ ရင်ဘတ်တွေကို ပစ်တာ၊ ရင်ဘတ်တွေ မှာက ကျည်ကာပါတော့ မထိရောက်တာနဲ့ ဆီးခုံ ၂ ချက်၊ ထိပ်တစ်ချက်ပစ်ထည့်လိုက်တာ၊ ဝင်လုံး ပစ်တဲ့အချိန်မှာ အသံတွေထွက်သွားလို့ သူ့ဆီက ဂန်းတော့ရခဲ့တယ်၊ ကျနော်တို့ဆီပါတဲ့ SIG ထိုင်း နိုင်ငံထုတ် လက်နက်တစ်လက်နဲ့ ဖုန်းတစ်လုံးတော့ ကျကျန်ခဲ့နေခဲ့တယ်” ဟု တော်လှန် ရေးသတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း တို့ပူးပေါင်းကာ လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article