30 C
Yangon

လားရှိုးမြို့ စစ်ရေးအုပ်ချုပ်မှု ကော်မတီ ဖွဲ့စည်းပြီး MNDAA က အုပ်ချုပ်မည်ဖြစ်ကာ ဆရာဝန်၊ သူနာပြု၊ ဆရာ၊ဆရာမများ၊ အစိုးရဝန်ထမ်းများကို ဖိတ်ခေါ်

Must read

ရန်ကုန်၊ ဇူလိုင် ၂၆

လားရှိုးမြို့ စစ်ရေးအုပ်ချုပ်မှု ကော်မတီ ဖွဲ့စည်းပြီး MNDAA က အုပ်ချုပ်မည်ဟု ယမန်နေ့ နေ့စွဲဖြင့် တရားဝင် ကြေညာသည်။

ယမန်နေ့တွင် တရုတ်ဘာသာဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ယနေ့တွင်မူ မြန်မာဘာသာဖြင့် ကြေညာချက် အသစ်ထုတ်ပြန်လာခြင်းဖြစ်သည်။

လားရှိုးတွင် စစ်ရေးအုပ်ချုပ်မှု ကော်မတီဖွဲ့စည်းပြီး တိုက်ပွဲအပြီး မြို့နယ် အုပ်ချုပ်ရေးနှင့် ပြန်လည် ထူထောင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ လားရှိုးမြို့ရှိ အစိုးရဝန်ထမ်းများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ဆရာဝန်များနှင့် သူနာပြုများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ပြန်လည် လာရောက် ထမ်းဆောင်ကြရန်၊ တရုတ်အမျိုးသားလူမှုရေး အဖွဲ့အစည်းများအနေဖြင့် လားရှိုးဧရိယာ စစ်အုပ်ချုပ်ရေး ကော်မတီကို ကူညီပံ့ပိုးကြရန် ပန်ကြားထားသည်။

MNDAA ရဲဘော်များအနေဖြင့် ကျင့်ဝတ်နှင့်စည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး ရာထူးကို အလွဲသုံးစားလုပ်ခြင်း၊ အရပ်သားများ၏ အကျိုးအမြတ်ကို လုယူခြင်းနှင့် အရပ်သားများ၏ စည်းစိမ်ဥစ္စာများကို သိမ်းယူခြင်းများ ကျူးလွန်ပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည်။

ပြည်သူများအနေဖြင့် MNDAA တပ်ဖွဲ့ဝင်များ ဝင်ရောက်မှုကို စိုးရိမ်ထိတ်လန့်ရန် မလိုဘဲ ဆိုင်းခန်းများ ဆက်လက်ဖွင့်လှစ်နိုင်ကြောင်း၊ ကုန်စျေးနှုန်း မြှင့်တင်ခြင်းကို ကန့်ကွက်ပြီး မူလ နေထိုင်ရေးစန်စကို အမြန်ဆုံး ပြန်လည် တည်ဆောက်ရန် တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article