24.9 C
Yangon

ပုသိမ်ကြီးမြို့နယ်၊ ကင်မွန်ဂျောင်ရွာ ပျူစောထီး မြတ်နိုး ပစ်ခတ်ခံရပြီးသေဆုံး၊ တောစုရွာ အုပ်ချုပ်ရေးမှူး နေအိမ်ကိုလည်း ဝင်ရောက် စီးနင်းပြီး ဆိုင်ကယ်နှင့်ဖုန်းများကို သိမ်းဆည်း

Must read

ပုသိမ်ကြီးမြို့နယ်၊ ကင်မွန်ဂျောင်ရွာ ပျူစောထီး မြတ်နိုး ပစ်ခတ်ခံရပြီးသေဆုံး၊ တောစုရွာ အုပ်ချုပ်ရေးမှူး နေအိမ်ကိုလည်း ဝင်ရောက် စီးနင်းပြီး ဆိုင်ကယ်နှင့်ဖုန်းများကို သိမ်းဆည်း

ရန်ကုန်၊ ဇူလိုင် ၂၆

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကင်မွန်ဂျောင်ရွာ ပျူစောထီး မြတ်နိုးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ပြောဆိုသည်။

ဇူလိုင်လ ၂၅ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ပုသိမ်ကြီးမြိုနယ် ၊ ကင်မွန်ဂျောင် ရွာ မှ အကြမ်းဖက် စစ်တပ် ထောက်တိုင် ပျူစောထီး မြတ်နိုး ဆိုသူကို ပုသိမ်ကြီးမြို့နယ် ပကဖ မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ပျူစာထီး မြတ်နိုးထံမှ ဓါးရှည် ၁ လက် ၊ ဂတ်စ် သေနတ် ၁ လက် နှင့် ဖုန်း ၁ လုံး တို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တောစုကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်ကိုလည်း တော်လှန်ရေး ရဲဘော်များက ဝင်ရောက် စီးနင်းခဲ့ပြီး ၎င်း၏ သားဖြစ်သူသာ နေအိမ်တွင်ရှိနေသောကြောင့် အုပ်ချုပ်ရေးမှူး ပိုင်ဆိုင်သော ဆိုင်ကယ် ၃ စီး နှင့် ဖုန်း ၃ လုံး အား သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြိုနယ် အတွင်းရှိ ပြည်သူကို အကြမ်းဖက် စစ်ကောင်စီ အလိုကျ ဖမ်းဆီးပြီး အကြမ်းဖက် နှိပ်စက်နေသော စစ်တပ် ထောက်တိုင် ပျူစောထီးများ၊ အုပ်ချုပ်ရေးမှူးများကို ဆက်လက် တိုက်ခိုက်သွားမည်ဟု ပုသိမ်ကြီးမြို့နယ် ပကဖ က အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article