25 C
Yangon

ပုလောတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦးကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်၊ မူးမြို့နယ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲပြီး ပြည်သူ ၁ ဦး ဒဏ်ရာရကာ နေအိမ် ၃ လုံး ပျက်စီး

Must read

ပုလောတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦးကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်၊ မူးမြို့နယ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲပြီး ပြည်သူ ၁ ဦး ဒဏ်ရာရကာ နေအိမ် ၃ လုံး ပျက်စီး

ရန်ကုန်၊ ဇူလိုင် ၂၆

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦးကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပုလောမြို့နယ်၊ တိုရွာ ကားလမ်းပိုင်းတွင် ဆိုင်ကယ်စီးလာသည့် ကိုယ်ဝန် ၇ လ လွယ်ထားရသော အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးသည် ဝမ်းဗိုက်တွင် ကျည်ထိမှန်ခဲ့ပြီး အမျိုးသားမှာ ကျောကို ကျည်ထိမှန်ကာ အမျိုးသမီးဖြစ်သူသည် ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၃ လုံး ထိခိုက် ပျက်စီးခဲ့ရကြောင်း KNU ဗဟိုက ပြောဆိုသည်။

ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ−၆၀ တပ်ရင်းက လက်နက်ကြီးများပစ်ခတ်ခဲ့ရာ အောင်စိုးမိုးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ သောကြောင့် နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ရပြီး၊ အသက် ၅၂နှစ်အရွယ်ရှိ ဦးမောင်ရက် မှာ ထိခိုက်ဒဏ် ရာရရှိခဲ့ရကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article