25 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၂၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • MNDAA က လားရှိုးမှာရှိတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ရရှိပြီ ဖြစ်ကြောင်း ကြေညာပြီးနောက် လားရှိုးမြို့ သိမ်းပိုက်ထားမှုကို ဓာတ်ပုံသက်သေတွေနဲ့တကွ သတင်းထုတ် ပြန်လိုက်ပါတယ်။
  • အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝှမ်း စစ်ရှုံ့းနေတဲ့အချိန်မှာပဲ သူ့လက်အောက်ခံ နေပြည်တော် မြို့တော်ဝန်နဲ့ ဒုတိယမြို့တော်ဝန် ဗိုလ်ချုပ်ဟောင်းတွေက အကျင့်ပြတ်ချစားမှုတွေနဲ့ လာဘ်ပေး လာဘ်ယူမှု တွေ အကြီးအကျယ်ပြုလုပ်နေပြီး နေပြည်တော် ပုဗ္ဗသီရိနှစ်ထပ်လူနေ ဆိုင်ခန်း ၃၃ လုံး စီမံကိန်း ကိုလည်း တင်ဒါမခေါ်ဘဲ လာဘ်ငွေယူပြီး ကုမ္ပဏီ ၂ ခုကို ဆောက်လုပ်ခွင့် ချပေးလိုက်တယ်လို့ နေပြည်တော် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က သိမ်းပိုက် လိုက်ပြီးနောက် MNDAA ၊ TNLA နဲ့ PDF တို့ကို လက်နက်အားကိုး အနိုင်ယူနေတဲ့ ဓားပြအဖွဲ့လို့ စစ်ကောင်စီက ပြောဆိုလာပြီး မီဒီယာတွေက အားပေးအားမြှောက်လုပ်ပေးနေတယ်လို့ အကြမ်းဖက် ဇော်မင်းထွန်းက ဒေါသတကြီး တုံ့ပြန်ပြောဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article