25 C
Yangon

လားရှိုးမြို့တော်ခန်းမ၊ စစ်ကောင်စီတပ်ရင်းများ၊ ရဲစခန်း၊ ဆေးရုံကြီး၊ မြို့လယ်ခေါင်၊ မီးသတ်ဌာန အပါအဝင် လားရှိုးတစ်မြို့နယ်လုံးကို သိမ်းပိုက်ထားသည့် သက်သေ ဓာတ်ပုံများ MNDAA က ထုတ်ပြန်

Must read

လားရှိုးမြို့တော်ခန်းမ၊ စစ်ကောင်စီတပ်ရင်းများ၊ ရဲစခန်း၊ ဆေးရုံကြီး၊ မြို့လယ်ခေါင်၊ မီးသတ်ဌာန အပါအဝင် လားရှိုးတစ်မြို့နယ်လုံးကို သိမ်းပိုက်ထားသည့် သက်သေ ဓာတ်ပုံများ MNDAA က ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၂၇

MNDAA က လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ရရှိပြီ ဖြစ်ကြောင်း ကြေညာပြီးနောက် လားရှိုးမြို့ သိမ်းပိုက်ထားမှုကို ဓာတ်ပုံသက်သေများနှင့်တကွ သတင်းထုတ်ပြန်လိုက်သည်။

MNDAA က ထုတ်ပြန်သော သက်သေဓာတ်ပုံများတွင် လားရှိုးမြို့တော်ခန်းမ၊ ခလရ ၄၁၊ ခမရ ၅၀၇ ၊ အင်ဂျင်နီယာတပ်ရင်း ၊ အမှတ် ၉၅၉ ဆောက်လုပ်ရေး တပ်ခွဲ၊ လားရှိုးမြို့လယ်ခေါင်၊ ရဲစခန်း၊ မူးယစ်ရဲတပ်ဖွဲ့၊ မီးသတ်ဌာန ၊ ဆေးရုံကြီး အပါအဝင် လားရှိုးမြို့လယ် နေရာများအားလုံးကို သိမ်းပိုက်ထားမှုများကို ထုတ်ပြန်ထားသည်။

လားရှိုးမြို့နယ်ကို MNDAA က သိမ်းပိုက်ရရှိထားကြောင်း ဇူလိုင်လ ၂၅ ရက်နေ့ တွင် တရားဝင် ကြေညာခဲ့ခြင်းဖြစ်သည်။

လားရှိုးမြို့ စစ်ရေးအုပ်ချုပ်မှု ကော်မတီ ဖွဲ့စည်းပြီး MNDAA က အုပ်ချုပ်မည်ဟု တရားဝင် ကြေညာထားသည်။

လားရှိုးတွင် စစ်ရေးအုပ်ချုပ်မှု ကော်မတီဖွဲ့စည်းပြီး တိုက်ပွဲအပြီး မြို့နယ် အုပ်ချုပ်ရေးနှင့် ပြန်လည် ထူထောင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ လားရှိုးမြို့ရှိ အစိုးရဝန်ထမ်းများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ဆရာဝန်များနှင့် သူနာပြုများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ပြန်လည် လာရောက် ထမ်းဆောင်ကြရန်၊ တရုတ်အမျိုးသားလူမှုရေး အဖွဲ့အစည်းများအနေဖြင့် လားရှိုးဧရိယာ စစ်အုပ်ချုပ်ရေး ကော်မတီကို ကူညီပံ့ပိုးကြရန် ပန်ကြားထားသည်။

MNDAA ရဲဘော်များအနေဖြင့် ကျင့်ဝတ်နှင့်စည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး ရာထူးကို အလွဲသုံးစားလုပ်ခြင်း၊ အရပ်သားများ၏ အကျိုးအမြတ်ကို လုယူခြင်းနှင့် အရပ်သားများ၏ စည်းစိမ်ဥစ္စာများကို သိမ်းယူခြင်းများ ကျူးလွန်ပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည်။

ပြည်သူများအနေဖြင့် MNDAA တပ်ဖွဲ့ဝင်များ ဝင်ရောက်မှုကို စိုးရိမ်ထိတ်လန့်ရန် မလိုဘဲ ဆိုင်းခန်းများ ဆက်လက်ဖွင့်လှစ်နိုင်ကြောင်း၊ ကုန်စျေးနှုန်း မြှင့်တင်ခြင်းကို ကန့်ကွက်ပြီး မူလ နေထိုင်ရေးစန်စကို အမြန်ဆုံး ပြန်လည် တည်ဆောက်ရန် တိုက်တွန်းထားသည်။

MNDAA တပ်ဖွဲ့ဝင်များ စည်းကမ်းဖောက်ဖျက်ပါက အချိန်မရွေး လာရောက် တိုင်ကြားရန်၊ ပြည်သူလူထုကို ဖိနှိပ်ခြင်းများကို လုံး၀ ကန့်ကွက်ပြီး ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း သိရှိရသည်။

လားရှိုးမြို့တွင် အွန်လိုင်းလိမ်လည်မှုနှင့် တရားမဝင် လုပ်ငန်းများကို ပြင်းပြင်း ထန်ထန် တိုက်ဖျက်နှိမ်နင်းမည်ဖြစ်ကြောင်း၊ သတင်းတု နှင့် ဝါဒမှိုင်းတိုက်ခြင်းများကို အရေးယူမည်ဖြစ်ကြောင်း သိရှိရသည်။

တိုက်ပွဲကြောင့် ပျက်စီးသွားသော အရပ်သားနေအိမ်များကို ပြုပြင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို ကူညီပံ့ပိုပေးမည်ဖြစ်ကြောင်း၊ အခက်အခဲများ ရင်ဆိုင်ရပါက အကူအညီ ကို လာရောက်စုံစမ်းနိုင်ကြောင်း၊ တိုင်ကြားရန်နှင့် အကူအညီတောင်းခံရန် ဖုန်းနံပါတ်များကိုပါ တစ်ပါတည်း ကြေညာထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article