30 C
Yangon

သိန္နီမြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲ၊ လားရှိုးတွင်လည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး

Must read

သိန္နီမြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲ၊ လားရှိုးတွင်လည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲမှု ဖြစ်ပွားကြောင်း MNDAA က ပြောဆိုသည်။

ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၃၇ မိနစ်ခန့်တွင် သိန္နီမြို့ လူနေရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အရပ် သားပြည်သူ ၈ ဦးသေဆုံးခဲ့ပြီးနောက် ဇူလိုင်လ ၂၅ ရက်နေ့တွင် စစ်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကျဲခြင်းလည်းဖြစ်သည်။

ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၅ နာရီအချိန် စစ်ကောင်စီက သိန္နီစျေးကို တိုက် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး သိန္နီလမ်းမကြီးပေါ်၌ ဗုံးကျရောက် ပေါက်ကွဲမှုကြောင့် ဟိုတယ်တစ်လုံးနှင့် စီးပွားရေး အဆောက်အအုံအချို့ ပျက်စီးခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် လူသေဆုံးမှု မရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇူလိုင်လ ၂၅ ရက်နေ့ လားရှိးမြိုအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်(ရမခ)ကို သိမ်းပိုက်နိုင်ခဲ့ပြီဟု MNDAA က ကြေညာခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

လေကြောင်းဖြင့် ဗုံးကျဲမှုကြောင့် လားရှိးမြို့တွင်းရှိ မိသားစုဝင် ၃ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ ရပ်ကွက် ၇ ၊ ရပ်ကွက် ၁ နှင့် ရပ်ကွက် ၁၂ တို့တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား ၃ ဉီးထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်တချိုထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

လားရှိုးမြို့တွင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ အရပ်သားများတည်ရှိရာ ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား စုစုပေါင်း ၃၈ ဦးသေဆုံးပြီး ၄၈ ဦးထိခိုက်ဒဏ်ရာရရှိသည့်အပြင် အရပ်သားနေအိမ် ၉ လုံးထက်မနည်းပျက်ဆီးကာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း ၅ ကျောင်းထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article