26 C
Yangon

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ တာဝါတိုင်ကုန်းမှ ဆင်းလာသည့် စစ်သား ၂ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးလုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

Must read

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ တာဝါတိုင်ကုန်းမှ ဆင်းလာသည့် စစ်သား ၂ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးလုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၂၇

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ တာဝါတိုင်ကုန်းမှ ဆင်းလာသည့် အကြမ်းဖက် စစ်သား ၂ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးလုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်နီမော်ရွာ တာဝါတိုင်ကုန်းမှ ဆင်းလာသည့် အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦးကို တော်လှန်ရေး တပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းသေဆုံးသွားသော စစ်ကောင်စီ တပ်သား ၂ ဦးထံမှ MA1 ၁ လက် ၊ MA3 ၁ လက် ၊ ကျည်ဘောက် ၂ ခု နှင့် ကျည် ၄၁ တောင့်တို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ တစ်ချိန်လုံး ရန်သူကို တိုက်ခိုက်ချေမှုန်းနေပါတယ်။ ကျနော်တို့ အများကြီး ကြိုးစားနေပါတယ် ” ဟု လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ လိပ်ပြာတပ်စု ၊ တောသားလေးတပ်စု ၊ ဂဠုန်တပ်စု နှင့် ထား၀ယ်ခရိုင်တပ်ရင်း (၁) မှ ရဲဘော်များက ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article