အရာတော်မြို့နယ် ကျေးရွာတစ်ရွာတွင် ဘူးသပိတ်တိုက်ပွဲဆင်နွှဲရန် တိုက်တွန်း၍ တော်လှန်ရုပ်ရှင်ပြသ
ရန်ကုန်၊ ဇူလိုင် ၂၇
အရာတော်မြို့နယ်ကျေးရွာတစ်ရွာတွင် ဘူးသပိတ်တိုက်ပွဲဆင်နွှဲရန် တိုက်တွန်းခြင်းနှင့် တော်လှန်ရုပ်ရှင်ပြသခြင်း” အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကာ်မတီက ဦးဆောင်၍ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
The Way တော်လှန်ရုပ်ဇာတ်ကား ပြသခဲ့ပြီး စစ်ရေးအရှိန်မြင့်လာသည်နှင့်အမျှ လူထုအားစစ်ရေးအသိရှိစေရန် ဟော ပြောခြင်း၊ ဗုံးခိုခြင်းများ တူးဖော်ရန်တိုက်တွန်းခြင်း၊ လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်ရန် သတိပေးခြင်း၊ စစ်ကောင်စီကို ငွေမပေးရန် ၊ ဘူးသပိတ်တိုက်ပွဲဆင်နွှဲခြင်းတို့ပြုလုပ်ရန် ဟောပြောခဲ့ကြကြောင်း သိရှိရသည်။