27 C
Yangon

မြင်းခြံ- နဘူးအိုင်လမ်းတွင် စစ်ကား၂ စီးကို မိုင်းဆွဲမှု စစ်အရာရှိ ၁ ဦး အပါ အဝင် ၁၃ ဦးသေဆုံး

Must read

မြင်းခြံ- နဘူးအိုင်လမ်းတွင် စစ်ကား၂ စီးကို မိုင်းဆွဲမှု စစ်အရာရှိ ၁ ဦး အပါ အဝင် ၁၃ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၈

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-နဘူးအိုင်လမ်းပေါ်တွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်အရာရှိ ၁ ဦး အပါ အဝင် စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းမင်းတမန် အထူးပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ တာဝန်ခံကိုပြူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် မြင်းခြံမြို့မှ နဘူးအိုင်ဘက်သို့ ဖော ကားတစ်စီး၊ အိမ်စီးကား တစ်စီးဖြင့် ထွက်ခွာလာသော အကြမ်း ဖက်စစ်သားများကို မြင်းခြံ -နဘူး လမ်းပိုင်း တနေရာ အရောက် ပဒေသာ မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ အရာရှိ လိုက်ပါလာသော အိမ်စီးကားမှာ တိမ်းမှောက်သွားပြီး စစ်အရာရှိ အပါအဝင် စစ်သား ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“မြင်းခြံကနေ ထွက်လာတဲ့ကားကို မိုင်းဆွဲလိုက်တာ ကားပါ ဂျွမ်းပြန်သွားတယ်။ မြင်းခြံရောက်လာ တဲ့ဗျူဟာမှူးအသစ်ပါ သေသွားတယ်လို့ သတင်းရထားတယ်။ လာတာက ဖောကားရယ်၊ အိမ်စီး ကား ရယ်ထွက်လာတာ။ သူတို့ဘယ်သွားမယ်ဆိုတာတော့ သတင်းတော့မရဘူး။ မြင်းခြံကနေ နဘူးအိုင်ဘက်ကို ထွက်သွားတယ်သတင်းရတာနဲ့ မိုင်းကွင်းကနေ သွားစောင့်ဆွဲလိုက်တာ၊ အိမ်စီး ကတော့ ဂျွမ်းထိုးမှောက်ခုံဖြစ်သွားပြီး သေတာ၊ဗျူဟာမှူးအပါအဝင် ၁၃ ဦးသေတယ်လို့ သိရတယ်။ ကားကိုလည်း ကရိန်းနဲ့ဆွဲသွားတယ်။ မိုင်းကွင်းနေ ရာကို ပြန်စစ်တော့ ကားတာယာအစတွေရော၊ ပျက်စီးထားတဲ့ အပိုင်းအစတွေရောတွေ့တယ်။” ဟု ဒေါင်းမင်းတမန် အထူးပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ တာဝန်ခံကိုပြူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ဒေါင်းမင်းတမန်အထူးပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ တပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း၊ သေဆုံးသွားသော အကြမ်းဖက်စစ်သားများနှင့် တိမ်းမှောက်သွားသော ကားကို မြင်း ခြံမြို့ပေါ်မှ စစ်သားလာရောက်ပြီး ကရိန်းကားဖြင့် ဆွဲထူသယ်ဆောင်သွားကြောင်း သိရသည်။

ဓာတ်ပုံ- ကရင်နီပြည်တွင် မိုင်းဆွဲခံထားရသော စစ်ကောင်စီတပ်၏ စစ်ကား ၁ စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article