ဖာပွန်ခရိုင်ရှိ ကျေးရွာ အုပ်စု ၁၂ ခုတွင် ရေနစ်မြုပ်နေပြီး စပါးခင်းနှင့် သီးနှံစိုက်ခင်းများ ပျက်စီး၊ ခရီးသွားလာရေး အတွက် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရ
ရန်ကုန်၊ ဇူလိုင် ၂၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ ကျေးရွာ အုပ်စု ၁၂ ခုတွင် ရေနစ်မြုပ်နေပြီး စပါးခင်းနှင့် သီးနှံစိုက်ခင်းများ ပျက်စီး၊ ခရီးသွားလာရေး အတွက် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရကြောင်း KUN မူတြော်ခရိုင်က ပြောဆိုသည်။
ဇူလှိုင်လ ၂၃ ရက်နေ့ မှစတင်ပြီး လက်ရှိချိန်တွင် ဖာပွန်ခရိုင် လူသောမြို့နယ်အတွင်း အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြော မြောက်ပိုင်းနှင့်တောင်ပိုင်းရှိ ကျေးရွာအုပ်စု ၁၂ ခုအတွင်းရှိ ရေနစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ရေကြီးမှုကြောင့် ဒေသပြည်သူများ၏ နေအိမ်များ၊ စပါးနှင့် အခြားသီးနှံစိုက်ပျိုးပင်များ ရေနစ်မြုပ် ပျက်စီးဆုံးရှူံးမှုများ ရှိသည့်အပြင် ခရီးသွားလာရေးအတွက် အခက်အခဲများစွာနှင့်ရင်ဆိုင်နေရပြီး အိမ်မွေးတိရစ္ဆာန်များလည်း ရေနစ်မြုပ် သေဆုံးမှုများ ရှိကြောင်း သိရှိရသည်။