ဒီကနေ့ ဇူလိုင် ၂၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိးမြိုမှာ လားရှိးအကျဉ်းထောင် ပွင့်သွားပြီးတဲ့နောက် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရတဲ့ NLD ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် လွတ်မြောက်သွားပြီး ၊ လက်ရှိမှာ အဆက်အသွယ်ပြတ်တောက်နေသလို တော်လှန်ရေး တပ်ဖွဲတွေက ရှာဖွေပေးနေတယ်လို လားရှိးရှေ့တန်း စစ်မြေ ပြင်မှာ တိုက်ပွဲဝင်နေတဲ့ BPLA တပ်ဖွဲ ခေါင်းဆောင် မောင်ဆောင်းခက လူမှုကွန်ရက်မှာ သတင်းထုတ် ပြန်ထားပါတယ်။
- ရခိုင်ပြည်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် မြန်မာတိုင်ငံတစ်ဝှမ်းက တိုက်ပွဲတွေထဲကနေ စခန်းစွန့်ပြီး ထွက်ပြေးလာကြတဲ့ ရဲတပ်ဖွဲတင် အယောက် ၃ ရာကျော်ကို စစ်ကောင်စီက ဖမ်းဆီး အချုပ်ချထားပြီး ၊ ရဲချုပ် နီလင်းအောင် ဆိုသူက ပြစ်ဒဏ်တွေကို အတည်မပြုဘဲ အကန့်အသတ်မရှိ ချုပ်ထားတယ်လို အကျဉ်းချခံနေရတဲ့ ရဲတပ်ဖွဲဝင်တွေရဲ့ မိသားစုတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ချင်းပြည်နယ်က မတူပီမြိုသိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲဝင်တွေနဲ့ မိသားစုဝင် အယောက် ၁၂၀ ဝန်းကျင်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ချင်းတော်လှန်ရေးတပ်တွေက ဖမ်းဆီးရမိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar