ရန်ကုန်၊ ဇူလိုင် ၂၉
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ မီးရထားဘူတာရုံကို MNDAA တပ်များက သိမ်းပိုက်လိုက်ကြောင်း MNDAA ဘက်က ပြောဆိုသည်။
ဇူလိုင်လ ၂၈ ရက်နေ့တွင် လားရှိုးမီးရထားဘူတာရုံကို MNDAA က သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း တော်လှန်ရေး ရှေ့တန်း သတင်းရင်းမြစ်က ပြောဆိုသည်။
” ရမခမှာတော့ ဝင်အလုံးခံနေရပြီ။ သတင်းကောင်းကြားရမှာပါ” ဟု ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar