30 C
Yangon

သိမ်ဇရပ်မြို့ပေါ်နှင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၉ ဦး သေဆုံး

Must read

သိမ်ဇရပ်မြို့ပေါ်နှင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၉ ဦး သေဆုံး

ရန်ကုန်၊ဇူလိုင် ၂၉

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ပေါ်နှင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

ဇူလိုင်လ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် အမှတ် ၃၁၀ အမြောက်တပ်ရင်း စခန်းက သိမ်ဇရပ်မြို့ရှိ ရပ်ကွက်များထဲကို လက်နက်ကြီး ၁၀ လုံး ပစ်ခတ်ခဲ့ရာ လူနေရပ်ကွက်များ အတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး သိပ်ဇရပ်ရွာလေး ရပ်ကွက် ၇ လမ်းတွင် နေထိုင်သော အသက် ၄၇ နှစ် အရွယ် ကိုလေးစစ်သူ၊ ကိုယ်ဝန် ၄ လ လွယ်ထားရသော အသက် ၄၅ နှစ်အရွယ် မကြည်ကြည်လင်းတို့ လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရပြီး အသက် ၄၁ နှစ် အရွယ် မယှဥ်ဝေလွင်မှာလည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် သိမ်ဇရပ်ရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းကိုလည်း တော်လှန်ရေး အင်အားစုမှ ပြောက်ကျား ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၎င်းတို့မှ အရပ်သား ပြည်သူများ အ‌ပေါ် ရည်ရွယ်ချက် ရှိရှိ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

အလားတူ ဇူလိုင်လ ၂၃ ရက်နေ့တွင်လည်း ကျိုက်ထိုမြို့နယ်၊ ကျောက်တန်းလေးရွာအနီး၌ စစ်ကြောင်းထိုး လာသော အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေး အင်အားစုများ နံနက် ၉ နာရီခန့်တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး ကျိုက်ထိုမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ် အမှတ်-၆၀၂ ဒုံးတပ်ရင်းက ပျဥ်းကတိုးကုန်းရွာထဲကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး (ဟောင်ဝှစ်ဇာ) ၄ လုံး ပစ်ခတ်ခဲ့ရာ လက်နက်ကြီး ကျရောက် ပေါက်ကွဲခြင်းကြောင့် အရပ်သား ပြည်သူ ၇ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့ ကြောင်းသိရှိရသည်။

သေဆုံးသူများမှာ ကျောက်တန်းလေးရွာနေ သက် ၁၈ နှစ်အရွယ် စိုးထက်ပိုင်၊ အသက် ၁၈ နှစ်အရွယ် ချစ်ကို၊ သက္ကယ်ကုန်း ရွာနေ အသက် ၁၉ နှစ် အရွယ် ငြိမ်းချမ်းအောင် ၊ ပါရမှီဒေါင်းရွာနေ အသက် ၂၉ နှစ်အရွယ် ထွန်းထွန်းဝင်း၊ ကုန်းဘိုရွာနေ အသက် ၂၀ နှစ်အရွယ် အောင်ဇင်ထွေး ၊ သိမ်းဇရပ်နေ အောင်ဆန်း မင်း၊ သိမ်ဇရပ် ပေ ၈၀ ရပ်ကွက်နေ အသက် ၂၄ နှစ် အရွယ်ချစ်သဲတို့ ဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရခဲ့သူများမှာ အသက် ၄၁နှစ်အရွယ် ကိုလှထွန်းအောင်၊ အသက် ၃၆နှစ်အရွယ် ကိုထက် ထက်မင်း၊ အသက် ၃၀နှစ် အရွယ် မအိဖြူ၊ အသက် ၂၄နှစ်အရွယ် မအေးစန္ဒာ၊အသက် ၃၇နှစ်အရွယ် ကိုအောင်ထူး၊ အသက် ၂၄နှစ်အရွယ် ကိုထင်လင်းဦး၊ အသက် ၅၈နှစ်အရွယ် စောဝင်းနိုင် တို့ဖြစ်ကြောင်းသိရှိရသည်။

ထိခိုက်သေဆုံးသူများမှာ ရွှေတွင်း အလုပ်သမားများဖြစ်ကြပြီး ကျောက်တန်းလေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားသောကြောင့် မြို့သို့ တိမ်းရှောင်ရန် ထွက်လာစဥ် ပျဥ်းကတိုးကုန်းရွာအရောက်တွင် ၎င်းတို့အနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်းသိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ အမှတ်-၆၀၂ ဒုံးတပ်ရင်းသည် ယခင်က အမှတ်-၆၀၂ အမြောက်တပ်ရင်း တစ်ခု ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှ ၎င်းဒုံးတပ်ရင်းကို အစားထိုးပြောင်းလဲလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article