29 C
Yangon

နိုင်ငံတစ်ဝန်း စစ်ရှုံးနေသော်လည်း မင်းအောင်လှိုင်က အောက်တိုဘာလတွင် ဆို၊က၊ ရေး၊ တီး ပြိုင်ပွဲနှင့် ဒီဇင်ဘာလတွင် အမျိုးသား အားကစားပြိုင်ပွဲများကို ကျင်းပခိုင်း

Must read

ရန်ကုန်၊ ဇူလိုင် ၃၀

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း စစ်ရှုံးနေသော်လည်း လာမည့် အောက်တိုဘာလတွင် ဆို၊က၊ ရေး၊ တီးပြိုင်ပွဲနှင့် ဒီဇင်ဘာလတွင် အမျိုးသား အားကစားပြိုင်ပွဲများကို ကျင်းပမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမိန့်ပေး ညွှန်ကြားသည်။

ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ ၆/၂၀၂၄ အစည်းအဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ အမိန့်ပေးပြောဆိုလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်မင်းအောင်လှိုင်က လာမည့် အောက်တိုဘာလတွင် ဆို၊က၊ရေး၊ တီးပြိုင်ပွဲ ကျင်းပပြုလုပ်သွားရန် စီစဉ်ဆောင် ရွက် လျက်ရှိကြောင်း၊ ဒီဇင်ဘာလတွင် အမျိုးသားအားကစားပြိုင်ပွဲကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲများ ကျင်းပရန် ကြိုတင်ပြဆင်မှုများ ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ အမျိုးသားအားကစားပြိုင်ပွဲကို ကျင်းပရာတွင်လည်း အရည်အသွေးရှိပြီး အဆင့်တန်းရှိရှိဖြင့် ယှဉ်ပြိုင်ကစားနိုင်သော အားကစားပြိုင်ပွဲ ဖြစ်စေလိုကြောင်း၊ ပြိုင်ပွဲနှစ်ခုစလုံးတွင် ဝန်ကြီးဌာနများ၊ ပြည်နယ်၊ တိုင်းမှ ပြိုင်ဝင်များ အဆင့်အတန်းရှိရှိဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး တရားမျှတသည့် ယှဉ်ပြိုင်မှု ဖြစ်စေရေး ဆောင်ရွက်ပေးကြစေလိုကြောင်း မင်းအောင်လှိုင်က ပြောဆိုသွားသည်။

လတ်တလော မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီသည် ရှမ်းမြောက်ဒေသတွင် လားရှိုးမြို့နယ်ကို ဆုံးရှုံးထားပြီး မိုးကုတ်၊ နောင်ချိုတို့ကိုလည်း လက်လွှတ်ထားရကြောင်း၊ မန္တလေးတိုင်းတွင် စဉ့်ကူးမြို့နယ်ကိုဆုံးရှုံးထားပြီး ရခိုင်ပြည်နယ်တွင်လည်း စစ်ရှုံးပြီး မြို့နယ် အများအပြား လက်လွှတ်နေရကြောင်း၊ ကချင်ပြည်နယ်တွင်လည်း အလားတူ စစ်ရှုံးနေကြောင်း၊ စစ်ကိုင်းတိုင်းတွင်လည်း တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုများကို စစ်ကောင်စီတပ်များက ခံနေရကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယမန်နှစ်အဆိုပြိုင်ပွဲ တက်ရောက်ကြည့်ရှုနေသည့် အကြမ်းဖက်မင်းအောင်လှိုင်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယမန်နှစ်အဆိုပြိုင်ပွဲ တက်ရောက်ကြည့်ရှုနေသည့် အကြမ်းဖက်မင်းအောင်လှိုင်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article